BBC navigation

လစ်ဗျားသံရုံးတိုက်ခိုက်မှု သတင်းအမှားပေး

နောက်ဆုံး ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 01:43 GMT
susan rice

အမေရိကန် လူထုကို လမ်းလွဲအောင် မလုပ်

စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ လစ်ဗျား နိုင်ငံ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံရမှု နဲ့ ပတ်သက်ပြီး ဆီးနိတ် လွှတ်တော်က ရီပတ်ဘလစ်ကန် အမတ် တွေနဲ့ ရင်ဆိုင်ရာမှာ ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် အရေးနိမ့် သွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု ကြောင့် လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်နဲ့ လူ ၃ ယောက် သေဆုံးခဲ့ရ ပါတယ်။

ဘန်ဂါဇီ ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု မတိုင်ခင်က ဆန္ဒပြမှု ဖြစ်ပွားတယ် လို့ သူ ပြောခဲ့တာ မမှန်ကန်ကြောင်း၊ ထောက်လှမ်းရေး စစ်ဆေးချက် တွေမှာ ပါသလို ကြိုတင် ကြံစည် ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ဆူဆန် ရိုက်စ်က ဆီးနိတ် လွှတ်တော်မှာ ဝန်ခံ ပြောကြား လိုက်ပါတယ်။

ဒီလို ပြောခဲ့တာဟာ အမေရိကန် လူထုကို တမင် လမ်းလွဲအောင် လုပ်တာ မဟုတ်ဘူးလို့ သူက ငြင်းဆန်ပါတယ်။

နောက်နှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အနားယူရင် ဆက်ခံဖို့ မစ္စ ရိုက်စ်ကို အဆိုပြုလာရင် တားမြစ်မယ်လို့ သူ့ကို မယုံကြည်တဲ့ ဆီးနိတ် လွှတ်တော် အမတ် တွေ က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။