BBC navigation

ဂျူးအိမ်ယာထပ်ဆောက်မှု ဘန်ကီမွန်း သတိပေး

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 00:59 GMT

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

အစ္စရေးရဲ့ ဂျူး အခြေချ အိမ်ယာသစ် ထပ်ဆောက်မယ့် အစီအစဉ်တွေက ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကိစ္စရပ်တွေကို အကြီးအကျယ် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။

လက်ရှိ အနောက်ဖက် ကမ်းခြေ ကနေ အရှေ့ ဂျေရုဆလင် အထိ တဆက်တည်း ဖြစ်သွားအောင် နောက်ထပ် အိမ်ယာသစ် အလုံးသုံးထောင် ထပ်ဆောက်ဖို့ ပြင်နေတယ်လို့ အစ္စရေးက ပြောလိုက်တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းကို ကုလသမဂ္ဂရဲ့ စောင့်ကြည့်လေ့လာတဲ့ နိုင်ငံ အဆင့်အထိ မဲခွဲ ဆုံးဖြတ် သတ်မှတ်ပေးလိုက်တဲ့ အတွက် အစ္စရေး ဖက်ကလည်း အခုလို အိမ်ယာသစ် တိုးချဲ့ ဆောက်လုပ်မယ့် အစီအစဉ်ကို တုန့်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

မနေ့က တနင်္ဂနွေနေ့တုန်းကတော့ ကုလသမဂ္ဂ အစည်းအဝေးက ပြန်လာတဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်ကို အနောက်ဖက်ကမ်း ရာမာလာမြို့ မှာ အိမ်ပြန်လာတဲ့ သူရဲကောင်းသဖွယ် ကြိုဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။