BBC navigation

ဂျပန် ဥမင် လိုဏ်ပြိုကျ

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 16:55 GMT
japan

တိုကျိုနဲ့ နဂိုယာကို ဆက်တဲ့ ကားလမ်းပေါ် ပြိုကျ

ဂျပန် နိုင်ငံ တိုကျို အနောက်ပိုင်းက ဆာဆာဂို ဥမင်လိုဏ်ခေါင်း က ကြီးမားတဲ့ ကွန်ကရစ် အပိုင်းကြီး ပြိုကျပြီး ကားတွေပေါ် ပြုတ်ကျခဲ့လို့ ယန္တရား ကြီးတွေ သုံးပြီး လူတွေကို ကယ်ဖို့ လုပ် နေရ ပါတယ်။

လိုဏ်ခေါင်း ခေါင်မိုး ပြိုကျလို့ လူ ၇ ယောက် အနည်းဆုံး သေဆုံးတယ်လို့ ကယ်ဆယ်ရေး သမားတွေက ပြောပါတယ်။

ဒီမနက် ဒေသစံတော်ချိန် ၈ နာရီ လောက်မှာ တိုကျိုနဲ့ နဂိုယာမြို့ကို ဆက်တဲ့ ကားလမ်းရဲ့ ဥမင်မှာ ဖြစ်ပွားတာပါ။

တိုကျိုကနေ မိုင် ၅ဝ လောက် ကွာပြီး ဒီဥမင်ဟာ ဂျပန် ကားလမ်း တွေထဲက အရှည်ဆုံး တွေထဲမှာ ပါဝင်ပါတယ်။

CCTV အနီးကပ် ရုပ်သံမြင်ကွင်း တွေအရ ဥမင်ရဲ့ ပေ ၃ဝဝ ကျော် ပြိုကျနေတာ တွေ့ရပါတယ်။

မီးခိုးမဲကြီး တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို နှောင့်နှေး စေခဲ့ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ၃နာရီ လောက်မှ ရောက်လာလို့ မီဒီယာ တွေက ဝေဖန်နေတယ်လို့ ဂျပန်က ဘီဘီစီ သတင်းထောက် Rupert Wingfeild Hayes ကပြောပါတယ်။

ဒီပြိုကျမှုဟာ စိုးရိမ်စရာ ကောင်းတာကြောင့် လမ်းကြောင်း တခုလုံး ပိတ်လိုက် ရပါတယ်။

ဒါကြောင့် တနင်္ဂနွေ ညနေ အလုပ်အားရက် အပြီး တိုကျို မြို့တော်ကို ပြန်လာကြမယ့် ခရီးသွား သောင်းချီပြီး ယာဉ်ကြော ပိတ်ဆို့မှု ရင်ဆိုင်နေရပါတယ်။

လွန်ခဲ့တဲ့ ၂လကဘဲ အဝေးပြေး လမ်းမ အန္တရာယ် ကင်းရေး ပုဂ္ဂလိက စစ်ဆေးသူ တွေက ဒီလိုဏ်ခေါင်း ဘေးကင်းတယ်လို့ ထောက်ခံချက် ပေးပြီးမှ ဂျပန်ရဲ့ အရေးကြီးတဲ့ လမ်းမှာ သေကြေ ပျက်စီးတာဟာ အရေးတကြီး မေးစရာ ဖြစ်နေပြီလို့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။