BBC navigation

မြောက်ကိုးရီးယား ဒုံးပျံ တပ်ဆင်နေ

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 17:39 GMT
north korea

မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်ဖို့ ပြင်ဆင်

နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန် နေတဲ့ ကြားကပဲ ဒုံးပျံ လွှတ်တင်ဖို့အတွက် တပ်ဆင်မှု အဆင့်တွေကို မြောက်ကိုးရီးယားက လုပ်ဆောင်နေ ပါတယ်။

ဆိုဟေး ဂြိုလ်တု လွှတ်တင်ရေး စခန်းမှာ ဒုံးပျံ လွှတ်တင်ဖို့ အတွက် တပ်ဆင်မှု အဆင့်တွေနေနဲ့ ပထမဆုံး အဆင့် ပြီးသွားပြီလို့ သိရပါတယ်။

တပ်ဆင်မှု အဆင့် ၃ ဆင့်ရှိပြီးတော့ အဆင့် အားလုံး ပြီးစီးဖို့ သိပ္ပံ ပညာရှင်တွေက ရက်ပေါင်း အတော်ကြာ တပ်ဆင်ရမှာပါ။

Galaxy လို့ အဓိပ္ပာယ်ရတဲ့ ကိုးရီးယားလို့ အန်ဟာလို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်တုကို ခန့်မှန်းခြေ ကီလိုမီတာ ၂၂ဝဝ အကွာအဝေးကို ပစ်လွှတ်ဖို့ ရှိနေပါတယ်။

ဒီဇင်ဘာလ ၁ဝ ရက်ကနေ ၂၂ရက်အတွင်းမှာ လွှတ်တင်ဖို့ သူတို့က မျှော်လင့် ထားကြပြီး လေ့လာ စောင့်ကြည့်ရေး ဂြိုဟ်တု အဖြစ် လေဟာနယ်ထဲကို လွှတ်တင်ဖို့ ကြိုးစားနေကြတာပါ။

အမေရိကန်နဲ့ အတူ အနောက်အုပ်စုကတော့ တာဝေးပစ် ဒုံးစနစ်တွေ တပ်ဆင်ထား တယ်လို့ ပြောနေပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ရဲ့ မဟာမိတ် တရုတ်နိုင်ငံ ကလည်း အခုကိစ္စမှာ စိုးရိမ်မှုတွေ ရှိကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဦးတည်ပြီး မြောက်ကိုးရီးယားရဲ့ အခွင့်အရေး တွေကို အသိအမှတ်ပြု ပေမယ့် လုံခြုံရေး ကောင်စီက ပိတ်ထားတဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို ပိတ်ပင်ထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တရုတ်က သဘောထား တထပ်တည်း ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တနင်္ဂနွေနေ့တုန်းက ပြောပါတယ်။

နောက်ပြီး ရုရှားကလည်း မြောက်ကိုးရီးယားရဲ့ လုပ်ရပ် ဟာ missile ဒုံးကျည် နဲ့ နျူးကလီးယား စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီက ပိတ်ထားတဲ့ အချက်ကို ချိုးဖောက်ရာကျ တယ်လို့ သတိပေး ပြောကြား ခဲ့ပါတယ်။

တောင်ကိုးရီးယား မှာရှိတဲ့ ကိုးရီးယား ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဌာနရဲ့ ပြောခွင့်ရသူ ကတော့ နိုင်ငံတကာက အခုကိစ္စကို အကြီးအကျယ် ဝေဖန်နေတဲ့ အတွက် မြောက်ကိုးရီးယားက အပြည်ပြည် ဆိုင်ရာ တောင်းဆိုချက်ကို အလေးအနက်ထား စဉ်းစားပြီး လုပ်ဆောင်သင့် တယ်လို့ ပြောဆိုသွားတာပါ။

ဒီဂြိုလ်တုရဲ့ လွှတ်တင်မှုရဲ့ ပထမအဆင့်မှာ တရုတ်နဲ့ ကိုးရီးယား ကျွန်းဆွယ် ပေါ်ဖြတ်ပြီး ပင်လယ်ထဲကို ဖြုတ်ချဖို့ ရှိပါတယ်။ ပြီးရင် ဂျပန်ကို ဖြတ်သွားမှာပါ။

ဒုတိယအဆင့် အနေနဲ့ ဖိလစ်ပိုင်ကမ်းလွန် ပင်လယ်ပြင်ထဲကို ဖြုတ်ချ သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။