BBC navigation

အဝလွန်သူ သေဆုံးမှု ပိုများ

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 17:32 GMT

အဝလွန်မှ ကိုယ် အလေးချိန် ကျဖို့ လေ့ကျင့်ခန်း လုပ်ရတာ ကတော့ သိပ်မလွယ်လှပါ

အကျယ်ပြန့်ဆုံး ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာ လေ့လာ ဆန်းစစ်မှု တခု အရ အဟာရချို့တဲ့လို့ သေဆုံး ရသူထက် အဝလွန်လို့ သေဆုံး ရသူက ပိုများ နေတယ် ဆိုတာကို ပထမဆုံး အကြိမ် တွေ့ရှိ ခဲ့ရပါတယ်။

ဒီသုတေသန ပြုချက်မှာ ၂၀၁၀ ခုနှစ် အတွင်း သေဆုံး သူတွေရဲ့ အကြောင်းရင်းကို အဲဒီ မတိုင်ခင် အနှစ် ၂၀ က အစာရေ စာငတ်မွတ်လို့ သေဆုံး ခဲ့ရသူ စာရင်းနဲ့ နှိုင်းယှဉ် ခဲ့တာ ဖြစ်ပါ တယ်။

၂၀၁၀ ခုနှစ် အတွင်း ကမ္ဘာပေါ်မှာ လူပေါင်း ၃ သန်း ကျော်ဟာ အဝလွန်လို့ သေဆုံး ခဲ့ရတာ ဖြစ်ပြီး၊ ဒီအရေ အတွက်ဟာ အဟာရ ချို့တဲ့လို သေဆုံးရသူ အရေ အတွက် ထက် ၃ ဆ များ နေတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း အာဖရိက တိုက်မှာတော့ အစာရေစာ ငတ်မွတ် မှုကြောင့် အရွယ် မတိုင်ခင် သေဆုံးမှုဟာ အများ အပြား ရှိနေဆဲ ဖြစ်တယ်လို့ အခု လေ့လာ ချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။