BBC navigation

ဆီးရီးယား အခြေအနေ ရုရှား သတိပေးပြီ

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 23:20 GMT

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လဗ်ရော့ဗ်

ဆီးရီးယားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေက အချိန်ကြာလာတာနဲ့ အမျှ ပိုပြီး ဆိုးရွား ကျယ်ပြန့် လာနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က သတိပေးလိုက်ပါတယ်။

မော်စကို မြို့မှာ ဆီးရီးယား သံတမန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် မစ္စတာ လာ့ဗ်ရော့ဗ်က ပြောကြားရာမှာ နိုင်ငံရေး နည်းအရ သဘောတူညီမှု ရဖို့ မျှော်လင့်ချက် နည်းလာပေမယ့် နည်းလမ်း တခုတော့ ရအောင် ရှာသင့်တယ်လို့ ဆိုပါတယ်။

၂၀၁၄မှာ သမ္မတ အာဆက် ရာထူးက ဆင်းပေမယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ရုရှားက ငြင်းပယ် လိုက်ပါတယ်။

နိုင်ငံတကာ အထူးသံတမန် Lakhdar Brahimi ကလည်း ဆီးရီးမှာ အမျိုးသား ညီညွတ်ရေး အစိုးရ တရပ် အမြန် ဖွဲ့စည်းဖို့ အစောပိုင်းတုန်းက ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။