BBC navigation

မစ္စစ် ကလင်တန် သွေးခဲ ပိတ်ဆို့မှု ကုသ

နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2012 - 16:36 GMT
clinton

မကြာခင် အနားယူဖို့ရှိတဲ့ မစ္စစ် ကလင်တန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဟာ နယူးယော့မြို့ ဆေးရုံ တရုံမှာ သွေးကြောထဲ သွေးခဲ ပိတ်ဆို့မှု အတွက် ကုသ ခံခဲ့ပြီး သူ့ကျန်းမာရေး အခြေအနေကို ၂ ရက်ကြာ စောင့်ကြည့် မှာဖြစ်တယ် လို့ သိရပါတယ်။

ဒီလ အစောပိုင်းက မူးမော် လဲကျခဲ့ပြီးနောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နောက်ဆက်တွဲ ဆေးစစ်ခံရင်း ဦးနှောက်ထဲမှာ သွေးခဲ ပိတ်နေတာကို တွေ့ရှိခဲ့ ပါတယ်။

ဆရာဝန် တွေက သူ့ကို သွေးကျဲဆေး တွေ ပေးထားပါတယ်။

အရင်လက အစာအိမ် ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် မစ္စစ် ကလင်တန် ရေဓာတ် ခမ်းခြောက်မှု ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး လဲကျရာက ဦးခေါင်းကို ထိခိုက်ခဲ့တာပါ။

အသက် ၆၅ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စစ် ကလင်တန်ဟာ အိုဘားမားရဲ့ ဒုတိယ သမ္မတ သက်တမ်းအစ ဇန်နဝါရီလမှာ ရာထူးက အနားယူ တော့မှာ ဖြစ်ပြီး ဘာဆက်လုပ်မယ် နောက်မှ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

မစ္စစ် ကလင်တန်ဟာ ၂ဝဝ၈ ခုနှစ် ဒီမိုကရက် ပါတီ သမ္မတလောင်း ရွေးပွဲမှာ အိုဘားမားကို ရှုံးခဲ့ပေမယ့် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ယူခဲ့သူ ဖြစ်ပါတယ်။

သူ့နေရာကိုတော့ မက်ဆာချူးဆက်က အထက်လွှတ်တော် အမတ် ဂျွန်ကယ်ရီ ဆက်ခံဖို့ သမ္မတက အဆိုပြု ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။