BBC navigation

အော်စကာ ဆန်ကာတင် စာရင်း ကြေညာ

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 22:40 GMT
lincoln

လင်ကွန်းဇာတ်ကားမှ ဒင်နီယယ် ဒေးလူးဝစ်

၈၅ ကြိမ်မြောက် အော်စကာ ဆု ဆန်ကာတင် စာရင်းတွေ ကို မှာ ကြေညာလိုက်ပါပြီ။

အမေရိကန် ပြည်တွင်းစစ်ခေတ်က လုပ်ကြံ ခံရတဲ့ သမ္မတဟောင်း အေဘရာဟမ် လင်ကွန်း အကြောင်း ရိုက်ကူးတဲ့ စတီဗင် စပီးလ်ဘတ်ရဲ့ အတ္ထုပ္ပတ္တိ သမိုင်းကား က အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ၁၂ ဆု ဆန်ကာတင် စာရင်း ဝင်သွားပါတယ်။

နာမည်ကျော် သရုပ်ဆောင် ဒင်နီယယ် ဒေးလူးဝစ်က ဒီကားမှာ ကျေးကျွန်စနစ် တိုက်ဖျက်ခဲ့တဲ့ အမေရိကန် သမ္မတ အဖြစ် သရုပ်ဆောင် မှု အတွက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု လျာထားခံရပါတယ်။

လင်ကွန်းကားက အကောင်းဆုံး ရုပ်ရှင်ကားဆုလဲ တစ်ပေးခံရပါတယ်။

ဆန်ခါတင်ဆု ၁၁ ဆုနဲ့ လင်ကွန်းနောက်က လိုက်နေတာက သင်္ဘောပျက်ပြီး အသက်ကယ်လှေပေါ်မှာ ကျားနဲ့ မျောပါလာတဲ့ လူငယ်တယောက် အကြောင်း နာမည်ကျော် ဝတ္ထု ဇာတ်လမ်းကို ဒါရိုက်တာ အန်းလီ ရိုက်ကူးတဲ့ ပိုင်ရဲ့ဘဝ ဇာတ်ကား ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ လော့ဆန်းဂျလိစ်မြို့မှာ အခမ်းအနားနဲ့ အော်စကာဆု ကြေညာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။