BBC navigation

ပြင်သစ်ပြည်တွင်း လုံခြုံရေး တိုးမြှင့်မယ်

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 23:59 GMT
france_gare_soldiers

ပါရီမြို့ မီးရထား ဘူတာရုံရှေ့က လုံခြုံရေးများ

ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလောန်းက မာလီနဲ့ ဆိုမာလီယာ နိုင်ငံတွေမှာ ပြင်သစ်ရဲ့ စစ်ရေး လှုပ်ရှား မှုတွေကြောင့် အစ္စလာမ်မစ် အဖွဲ့တွေရဲ့ တုန့်ပြန်မှုတွေ ရှိလာနိုင် တဲ့အတွက် ပြင်သစ် နိုင်ငံ တွင်းမှာ လုံခြုံရေးကို တိုးမြှင့် ထားမယ်လို့ ဆိုလိုက်ပါတယ်။

မစ္စတာ အိုလောန်းက အများပိုင် အဆောက်အအုံ တွေနဲ့ လမ်းပန်း ဆက်သွယ်ရေး တွေဘက်မှာ လုံခြုံရေးကို တိုးမြှင့်ဖို့ ရှိတယ်လို့ ပြောပါတယ်။

မာလီ နိုင်ငံထဲ မှာတော့ ပြင်သစ် တပ်ဖွဲ့တွေက အစ္စလာမ် စစ်သွေးကြွ တွေကို လေကြောင်း ကနေ တိုက်ခိုက် မှုတွေ ဆက်လက် ပြုလုပ် နေပါတယ်။

မစ္စတာ အိုလောန်းက ပြင်သစ် တပ်ဖွဲ့တွေ အနေနဲ့ ထိုးစစ်တွေမှာ အောင်မြင်မှုတွေ ရခဲ့ကြောင်းနဲ့ ဆက်လက် အရှိန်မြှင့် သွားဖို့ ရှိကြောင်း ပြောပါတယ်။

ပြင်သစ် အနေနဲ့ ရန်သူတွေကို အထိနာအောင် ထိုးနှက်ခဲ့ပြီး ဖြစ်ပေမယ့် ဒီစစ်ဆင်ရေးတွေ မပြီးဆုံး သေးဘူး လို့လည်း ဆိုပါတယ်။

မာလီ အစိုးရ တပ်ဖွဲ့တွေကတော့ ပြင်သစ် တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ကိုနာမြို့ကို ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်ပြီး အစ္စလာမ် စစ်သွေးကြွ ၁၀၀ လောက်ကို သတ်ဖြတ် နိုင်ခဲ့ကြ တယ်လို့ ပြောပါတယ်။

တခါ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ မာလီ နိုင်ငံတွင်းမှာ အခြေအနေတွေ ပိုမို ဆိုးဝါး လာနေတာနဲ့ ပတ်သက်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလောန်းနဲ့ ဆွေးနွေး ခဲ့ပါတယ်။

မစ္စတာ ကင်မရွန်းက ဗြိတိန်ဘက်က မာလီမှာ ပြင်သစ် တပ်ဖွဲ့တွေနဲ့ လက်နက်တွေ သယ်ယူ ပို့ဆောင်ရေးနဲ့ ပတ်သက်လာရင် လိုအပ်တဲ့ စစ်ရေး အကူအညီတွေ ပေးသွားဖို့ ရှိကြောင်း ပြောကြား ခဲ့ပေမယ့် တိုက်ပွဲဝင်မယ့် တပ်ဖွဲ့ဝင် တဦး တယောက် ကိုမှ စေလွှတ် သွားဖို့ မရှိဘူး လို့လည်း ဆိုခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ရုံးရဲ့ ထုတ်ပြန်ချက် ထဲမှာတော့ မာလီမှာ ရှိတဲ့ အကြမ်းဖက် သမားတွေရဲ့ အန္တရာယ်ဟာ တကမ္ဘာလုံးကို ခြိမ်းခြောက် နေတယ်ဆိုတဲ့ အပေါ်မှာ သူတို့ ၂ ဦးစလုံး သဘောတူ ခဲ့ကြ တယ်လို့ ဖော်ပြထား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။