BBC navigation

ပြင်သစ် က မာလီသူပုန်တွေ ကိုစစ်ဆင်

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 23:31 GMT
_french_planes_in_mali

ပြင်သစ် တိုက်လေယာဉ်နဲ့ စစ်ဆင်

ပြင်သစ်လေတပ်က မာလီနိုင်ငံက အစ္စလမ် စစ်သွေးကြွတွေ ကို လေကြောင်း စစ်ဆင်ရေး တိုးမြှင့် တိုက်ခိုက်ရာမှာ နိုင်ငံမြောက်ပိုင်းက သူပုန်တွေ ရဲ့ အဓိက အခြေစိုက်စခန်းဖြစ်တဲ့ ဂါအို မြို့ ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒီ ဂျက်တိုက်လေယာဉ် တွေဟာ ပြင်သစ် က တိုက်ရိုက်ပျံသန်းလာတာ ဖြစ်ပြီး သူပုန်တွေ ရဲ့ လေ့ကျင့်ရေး စခန်းတွေ၊ အခြေခံ အဆောက်အအုံတွေနဲ့ တခြား ပစ်မှတ် တွေ ပါ ဗုံးကြဲ တိုက်ခိုက်တာပါ။

အခုဆိုရင် သူပုန်တွေ ဟာ ဂါအိုမြို့ ကို စွန့်ခွာ ပြေးကြတဲ့ အကြောင်း မြို့ခံတွေ က ပြောပါတယ်။

မာလီနိုင်ငံ ရဲ့ အိမ်မီးချင်း အနောက်အာဖရိက နိုင်ငံတွေ ကလည်း ဒီ အရေးကိစ္စ မှာ ပါဝင် ပတ်သက်ကြဖို့ ရာ နဲ့ ချီတဲ့ တပ်တွေ ပြင်နေကြပါတယ်။

ဗြိတိန်နိုင်ငံ ကလည်း သယ်ယူပို့ဆောင်ရေး စစ်လေယာဉ် နှစ်စင်းကို ပြင်သစ် စစ်သားတွေ နဲ့ လက်နက်တွေ ပို့ပေးနိုင်အောင် အသင့်ချထားပေးပါတယ်။

ပြင်သစ်နိုင်ငံ ရဲ့ စစ်ရေးအရ ပါဝင်မှု နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖေဘီယို က အကြမ်းဖက်သမားတွေ က စတင် ပစ်ခတ်တဲ့ အခါမှာ မာလီ သမ္မတ က အကူအညီ တောင်းသလို ကုလ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေး ကောင်စီ ကပါ အားပေး ထောက်ခံမှု ပြုလို့ ပါဝင် ရပုံ ကို ရှင်းပြ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။