BBC navigation

မစ္စတာ မူဘာရက်ခ်ရဲ့ အယူခံကို တရားရုံးလက်ခံ

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 15:45 GMT

မစ္စတာ မူဘာရက်ခ်နဲ့ ပြည်ထဲရေး ဝန်ကြီး ဟောင်း တို့ရဲ့ အမှုကို ပြန် စစ်ဆေးဖို့ အမိန့် ထုတ်ပြန် လိုက်တာပါ

အီဂျစ် နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ပွား ခဲတဲ့ သမ္မတကို ဆန့်ကျင်တဲ့ လူထု အုံကြွမှုတွေ အတွင်း ရာနဲ့ ချီတဲ့ ဆန္ဒပြသူတွေ သေဆုံး ခဲ့ရမှု အတွက် ထောင်ဒဏ် တသက် ကျခံ နေရတဲ့ အီဂျစ် သမ္မတဟောင်း ဟော့စနီ မူဘာရက်ခ်ရဲ့ အယူခံကို အယူခံ တရားရုံး ကနေ လက်ခံ လိုက်ပါတယ်။

တရားခံတွေရဲ့ အယူခံ တင်ထားချက်ကို တရားရုံး ကနေ လက်ခံကြောင်း အမိန့် ထုတ်ပြန် လိုက်တဲ့ အချိန်မှာတော့ မစ္စတာ မူဘာရက်ခ်ကို ထောက်ခံသူတွေက ဝိုင်းအော်ပြီး အောင်ပွဲ ခံခဲ့ကြ ပါတယ်။

ကိုင်ရိုမြို့ အယူခံ တရားရုံး ကနေ တရားခံ တွေရဲ့ အယူခံကို အကျဉ်းချုံး ကြားနာခဲ့ ပြီးနောက် မစ္စတာ မူဘာရက်ခ်ရယ်၊ သူ့လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ အရင် ပြည်ထဲရေး ဝန်ကြီး ဟဘစ် အဲလ် အက်ဒလီတို့ အပေါ် စွပ်စွဲ ထားတဲ့ အမှုတွေကို ပြန် စစ်ဆေးဖို့ အမိန့် ထုတ်ပြန် လိုက်တာပါ။

စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် အတွင်း မှာတော့ သူတို့ နှစ်ဦးဟာ ဆက်လက် ထိန်းသိမ်းခံ နေရ ဦးမှာ ဖြစ်ပါတယ်။ သူ့ကို ထောက်ခံ သူတွေ က မစ္စတာ မူဘာရက်ခ်ဟာ ရိုးသားတဲ့လူ ဖြစ်တဲ့ အတွက် ရုံး မတင်သင့်ဘူးလို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ကတည်းက ထောင်ဒဏ် တသက် ကျခံ ခဲ့ရပြီ ဖြစ်တဲ့ မစ္စတာ မူဘာရက်ခ်ဟာ လူထု အုံကြွမှုတွေ အတွင်း ဆန္ဒပြ သူတွေ သေဆုံးမှု မဖြစ် ရအောင် အကာ အကွယ် မပေး နိုင်ခံဘူး ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် ပြန်လည် ကြားနား စစ်ဆေးမှုတွေကို ခံရမှာ ဖြစ်ပါတယ်။

အဲဒီတုန်းက လူထု အုံကြွမှုတွေကြောင့် မစ္စတာ မူဘာရက်ခ်လည်း သမ္မတ ရာထူးကနေ ထွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။