BBC navigation

ဓါးစားခံတွေဖမ်းထားတဲ့ စစ်သွေးကြွတွေကို အယ်ဂျီးရီးယားတပ်ဖွဲ့တွေ တိုက်နေ

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 15:53 GMT

ဓါးစာခံတွေ ထိန်းသိမ်းထားရာ ဓါတ်ငွေ့စက်ရုံ

အယ်ဂျီးရီးယားနိုင်ငံမှာ အယ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ အစ္စလမ္မစ်အဖွဲ့တဖွဲ့က နိုင်ငံခြားသားနဲ့ အယ်ဂျီးယားဒေသခံ အလုပ်သမား အတော်များများကို ဓါးစာခံအဖြစ် ထိန်းသိမ်းထားတဲ့ နိုင်ငံအရှေ့ပိုင်းက သဘာဝဓါတ်ငွေ့ စက်ရုံကို အယ်ဂျီးရီးယား တပ်ဖွဲ့တွေက ဆက်ပြီး စစ်ဆင်တိုက်ခိုက်နေတယ်လို့ အယ်ဂျီးရီးယားအာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ကြောင်း ဗြိတိသျှအစိုးရက ပြောပါတယ်။

အစ္စလမ္မစ် စစ်သွေးကြွတွေဘက်ကတော့ ဒီစစ်ဆင်ရေးအတွင်း ဓါးစာခံ ၃၄ ဦးနဲ့ စစ်သွေးကြွ ၁၄ ဦးသေဆုံးခဲ့တယ်လို့ ပြောခဲ့ကြောင်း သတင်းတွေလည်း ထွက်နေပေမယ့် အတည်မပြုနိုင်ပါဘူး၊

စောစောပိုင်းကတော့ နိုင်ငံခြားသားဓါးစာခံ ၁၅ ဦးနဲ့ အယ်ဂျီးရီးယားဓါးစာခံ ၃၀ ဦးတို့ထက် မနည်း လွတ်မြောက်လာနိုင်ခဲ့ပြီလို့ အယ်ဂျီးရီးယား ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြနေကြပါတယ်။

ဒါပေမယ့် ဓါးစာခံတွေ ဘယ်လိုလွတ်လာတယ်ဆိုတဲ့ အသေးစိတ်ကို အတိအကျ မသိရသေးပါဘူး။

နိုင်ငံခြားသားနဲ့ အယ်ဂျီးရီးယား အလုပ်သမားတွေကို ဗုဒ္ဓဟူးနေ့မနက်ပိုင်း ကတည်းက ဓါးစားခံ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားသားဘယ်လောက် လောက် ဓါးစာခံ အဖြစ် ထိန်းသိမ်းခံနေရတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဓါးစားခံတွေထဲမှာ ဗြိတိန် ပြင်သစ် အမေရိကန် နော်ဝေးနဲ့ ဂျပန် နိုင်ငံသားတွေ ပါတယ်လို့ တော့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။