BBC navigation

အယ်ဂျီးယား ကယ်တင်မှုအတွင်း အသက်ဆုံးရှုံးမှုများရှိ

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 01:19 GMT
အယ်ဂျီးယား ဓါတ်ငွေ့စက်ရုံမြင်ကွင်း

အယ်ဂျီးယား ဓါတ်ငွေ့စက်ရုံမြင်ကွင်း

အယ်ဂျီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားက အခုအခါ ကယ်ဆယ်ရေးလုပ်တဲ့ စစ်ဆင်မှုအတွင်း နိုင်ငံခြားသား ၄ယောက် သေဆုံးသွားတယ်လို့ ကြေညာပါတယ်။ သူ့အဆိုအရ ကျန်တဲ့သူတွေ ပြန်လွတ်ပြီလို့ ပြောထားပေမယ့် ဓါးစာခံ ဘယ်လောက် အသက် ရှင်တယ်ဆိုတာ အတည်မပြု နိုင်သေးပါဘူး။

ဗြိတိသျှအစိုးရကတော့ ဓါတ်ငွေ့စက်ရုံအတွင်း ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ယူဆနေပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဗြိတိသျှ ဘီပီပိုင် သဘာဝဓါတ်ငွေ့စက်ရုံကို အယ်လ်ကိုင်းဒါးနဲ့ဆက်စပ်နေတဲ့ စစ်သွေးကြွအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

စစ်သွေးကြွတွေဖက်က ပြောကြားချက်အရ ဒါးစားခံ၃၄ယောက်နဲ့ ပြန်ပေးဆွဲသူ ၁၅ယောက်သေတယ်လို့ ပြောပါတယ်။

အေပီအက် အယ်ဂျီးယားသတင်းကတော့ သူတို့လူမျိုးရာနဲ့ချီပြန်လွတ်လာပြီး စကော့လန်က ၂ယောက် ပြင်သစ်ကတယောက်နဲ ကင်ညာက တယောက် စစ်ဆင်ရေးအတွင်း ကယ်နိုင်တယ်လို့ ကြေညာသွားပါတယ်။

အယ်ဂျီးယား ဆက်သွယ်ရေးဝန်ကြီး မိုဟာမက် ဆာအိ ဘာလိကတော့ သေဆုံးသူ ဒဏ်ရာရသူတွေရှိလို့ စိတ်မကောင်းဘူး အရေအတွက်တော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဗြိတိသျှနိုင်ငံသား ထိခိုက်သေကြေမှု သတင်းဆိုး အတွက်ကြိုပြင်ထားဖို့ အစိုးရက ဘီဘီစီကိုပြောပါတယ်။

အယ်လ်ဂျီးယား ပြည်ထဲရေးဝန်ကြီးက အခုပြန်ပေးဆွဲသူတွေဟာ အယ်ဂျီးယားတွေဖြစ်တယ် သူတို့ဟာ AQIM လို့ခေါ်တဲ့ အယ်ကိုင်ဒါအဖွဲ့မှ တပ်မှူးကြီး မော့တာ ဘဲလ်မော့တာအမိန့်နဲ့ လှုပ်ရှားနေတာလို့ဆိုပါတယ်။

အယ်ဂျီးယားအစိုးရဖက်ကတော့ စစ်သွေးကြွတွေဟာ ဘယ်လိုမှ ညှိနှိုင်းလို့ ရတဲ့အတွက် အခုလို မြန်မြန်ဆန်ဆန် ဝင်ရောက် တိုက်ခိုက်ရတာလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။