BBC navigation

အယ်ဂျီးယား ပြန်ပေးဆွဲတိုက်ခိုက်မှုအတွင်း သေသူပိုများနိုင်

နောက်ဆုံး ရေးသားချိန် 20 ဇန်နဝါရီလ 2013 - 15:38 GMT
ဓါတ်ငွေ့စက်ရုံအတွင်းရှိ အဖမ်းခံထားရသူများ

ဓါတ်ငွေ့စက်ရုံအတွင်းရှိ အဖမ်းခံထားရသူများ

အယ်ဂျီးရီးယားနိုင်ငံ Al Amena သဲကန္တာရထဲက ဓါတ်ငွေ့စက်ရုံကို အကြမ်းဖက်သမားတွေ သိမ်းပိုက်တာကို အစိုးရဖက်က စစ်ဆင်ရေးလုပ်ပြီး ပြီလို့ ကြေညာပေမဲ့ မေးစရာ မေးခွန်းတွေ အများကြီးထွက်ပေါ်နေပါတယ်။ အခု တိုက်ခိုက်မှုတွေအတွင်း သေဆုံးတဲ့ ဓါးစာခံတွေထဲမှာ နိုင်ငံစုံကပါဝင်နေပါတယ်။

ဗြိတိန်ဘက်ကတော့ သူ့နိုင်ငံသား သုံးယောက်သေဆုံးပြီး နောက်သုံးယောက်လည်း သေဆုံးသွားတယ်လို့ ယူဆရပါတယ်။ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေ သိမ်းပိုက်လို့ရတဲ့ လက်နက်တွေကို အယ်ဂျီးရီးယား ရုပ်မြင်သံကြားမှာ ပြသနေပါတယ်။ အခုအခါ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ထုတ်ဖေါ်ပြောကြားချက်မှာ သမ္မတ အိုဘားမားကတော့ အယ်ကိုင်းဒါးနဲ့ သူ့အပေါင်းအပါတွေဒီလို တိုက်ခိုက်မှုမျိုး ထပ်မလုပ်နိုင်အောင် ကြိုးစားမယ်လို့ ကတိပြုပါတယ်။

အယ်ဂျီးရီးယား နိုင်ငံဆက်သွယ်ရေး ဝန်ကြီးကတော့ အခုတိုက်ခိုက်မှုတွေအတွင်း နိုင်ငံ၆ခု လောက်ကလူတွေပါတယ်လို့ ပြည်တွင်းက ရေဒီယိုကိုပြောပါတယ်။ ပြန်လည်စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေ ပိုများလာနိုင်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။


ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆဟာရ သဲကန္တာရထဲက သဘာဝဓါတ်ငွေ့စက်ရုံမှ နိုင်ငံခြားလုပ်သားတွေသယ်လာတဲ့ ဘတ်စ်ကားနှစ်စီးကို တိုက်ခိုက်ပြီး စက်ရုံကို စစ်သွေးကြွတွေ သိမ်းပိုက်ထားတာဖြစ်ပါတယ်။ သူတို့ထုတ်ပြန် ကြေညာချက်အရ အိမ်နီးချင်းမာလီနိုင်ငံမှာ ပြင်သစ်နိုင်ငံက ဝင်ရောက်တိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ အခုလိုပြန်ပေးဆွဲတာလို့ ပြောပါတယ်။ ပြင်သစ်က မာလီကိုစစ်ရေးအရဝင်ကူတာ ပြီးခဲ့တဲ့ အပတ်ကမှ စတာဖြစ်လို့ အခုလိုစီးနင်းဖို့ဆိုတာ ကြိုတင် ကြံစည်မှသာ ဖြစ်နိုင်မယ်လို့ အကဲခတ်တွေက ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။