BBC navigation

မာလီက မြို့နှစ်မြို့ကို ပြင်သစ်တပ်တွေ သိမ်းယူ

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2013 - 17:42 GMT

တိုက်ပွဲတွေ တပတ်ကြာ အပြင်း အထန် ဖြစ်ပွားခဲ့ ပြီးနောက် ပြန်လည် သိမ်းပိုက် နိုင်ခဲ့

အစ္စလာမ် သူပုန်တွေ သိမ်းယူ ထားတဲ့ မာလီ အလယ်ပိုင်းက မြို့နှစ်မြို့ကို ပြင်သစ် တပ်ဖွဲ့တွေ က ပြန်လည် သိမ်းယူ လိုက်ပြီ ဖြစ်ပါတယ်။

သီတင်းပတ် တပတ်ကြာ လေကြောင်း တိုက်ခိုက် မှုတွေနဲ့ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားခဲ့ ပြီးနောက်မှာ မြို့တွေကို ပြန်လည် သိမ်းပိုက် နိုင်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့လက သူပုန်တွေ သိမ်းယူထား ခဲ့တဲ့ ဂျဘလီမြို့ နဲ့ ဒွမ်ဇာ မြို့တွေ ကို ပြင်သစ် တပ်ဖွဲ့တွေက လုံးဝ ထိန်းချုပ် ထားလိုက်ပြီ ဖြစ်တယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ပြင်သစ် ရဟတ်ယာဉ်တွေ ကနေ ပစ်ထားလို့ မီးလောင် ပျက်ဆီးနေတဲ့ ယာဉ်တွေနဲ့ မြေပြင်မှာ ပြန့်ကျဲ နေတဲ့ ဗုံးစတွေကို မျက်မြင် တွေ့နေ ရတယ်လို့ ဂျဘလီ မြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြင်သစ်တပ်ဖွဲ့တွေ ကနေ မာလီ အစိုးရအတွက် ပြီးခဲ့တဲ့ ၁၁ ရက် က စလို့ ဝင်ရောက် တိုက်ပေးခဲ့ ပြီး နောက်ပိုင်း အခုလို သူပုန်တွေ သိမ်းထားတဲ့ မြို့ကို ပြင်သစ် တပ်တွေ ဦးဆောင်ပြီး ပြန်လည် သိမ်းယူ ပေးနိုင် ခဲ့တာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။