BBC navigation

မာလီက ဂါအိုမြို့ကို ပြင်သစ်တပ်တွေ သိမ်းပိုက်

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 23:36 GMT
mali_french_troops

မာလီက ပြင်သစ် တပ်ဖွဲ့ဝင်များ

မာလီနိုင်ငံ မြောက်ပိုင်းက လူသူ အထူထပ်ဆုံး မြို့ဖြစ်ပြီး အစ္စလာမ်မစ် သူပုန် တွေရဲ့ ခြေကုတ် စခန်း ဖြစ်တဲ့ ဂါအို မြို့ကို သိမ်းပိုက် လိုက်ပြီလို့ ပြင်သစ် တပ်ဖွဲ့ တွေက ပြောပါတယ်။

မြို့ကို မသိမ်းပိုက် ခင်မှာ အထူး တပ်ဖွဲ့တွေက လေတပ်ရဲ့ အကူအညီနဲ့ ဂါအို လေဆိပ်နဲ့ အဓိက ကျတဲ့ နီဂျဲ မြစ်ကူး တံတား တွေကို သိမ်းပိုက်နိုင်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

အဲဒီ သတင်းသာ မှန်ကန် လို့ကတော့ ဒါဟာ မာလီ နိုင်ငံမြောက်ပိုင်းက အဲလ်ကာယီးဒါး နဲ့ အဆက်အသွယ် ရှိတဲ့ သူပုန်တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ သတင်း ၂ ပတ်အတွင်း စစ်ရေး အရ အကြီးမားဆုံး အောင်မြင်မှုပဲ ဖြစ်ပါတယ်။

မာလီ စစ်တပ်ဘက်ကလည်း အဲဒီ မြို့ကို ထိန်းချုပ် နိုင်ရေး အတွက် နီဂျဲနဲ့ ချဒ် တပ်ဖွဲ့တွေက မာလီတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့သိမ်းစစ်သား တွေနဲ့ အတူ မာလီမြို့တော် ဘန်မာကိုကနေ ပြန်လာတဲ့ ဂါအို မြို့တော်ဝန် ဆက်ဒူ ဒီလာအို ကတော့ အခုလို မြို့ကို ပြန်လာရတဲ့ အတွက် အလွန် ဝမ်းသာ မိတဲ့ အကြောင်းနဲ့ ဘုရားသခင် ကိုရော ပြင်သစ် တပ်ဖွဲ့တွေ ကိုပါ ကျေးဇူးတင်ကြောင်း၊ မာလီ သမ္မတက အကူအညီ တောင်းခဲ့တာကို တုန့်ပြန် ကူညီပေးခဲ့တဲ့ ပြင်သစ် သမ္မတကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အဲဒီ ဂါအို မြို့ဟာ ပြီးခဲ့တဲ့ နှစ် အတွင်းက စပြီး မာလီနိုင်ငံ မြောက်ပိုင်း က သူပုန်တွေ ထိမ်းချုပ်ထားတဲ့ မြို့ကြီး ၃ မြို့ထဲက တမြို့ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။