BBC navigation

တင်မ်ဘက်တူး ကို ပြင်သစ်တပ်ဝင်

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 22:55 GMT
mali

ပြင်သစ်နဲ့ မာလီတပ်တွေကို လူအုပ်ကြီးက ဆီးကြို

မာလီက အစ္စလာမ် သူပုန်တွေနဲ့ တိုက်ခိုက်နေတဲ့ ပြင်သစ် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ က ကန္တာရထဲက ရှေးဟောင်းမြို့ကြီး ဖြစ်တဲ့ တင်မ်ဘက်တူး မြို့ကို သေချာ ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

သေနတ် တချက်မှ မဖောက်ရဘဲ တင်မ်ဘက်တူ မြို့ထဲ ဝင်လာတဲ့ ပြင်သစ်နဲ့ မာလီတပ်တွေကို လူအုပ်ကြီးက ဆီးကြိုကြ ပါတယ်။

မြို့ထဲမှာ အစ္စလာမ် သူပုန် လက်ကျန်တချို့ ပုန်းခိုနေမှာ စိုးလို့ ပြင်သစ်တွေ ရှင်းလင်းရေး လုပ်နေတယ်လို့ ပြင်သစ် တပ်မှူး တယောက်က ပြောကြား ပါတယ်။

မြို့ထဲက ပြတိုက် တခုမှာ ထားရှိတဲ့ ရှေးဟောင်း စာပေမှတ်တမ်း တွေကို အစ္စလာမ် တပ်တွေ ဆုတ်မပြေးခင်မှာ မီးရှို့ ဖျက်ဆီး ပစ်ခဲ့တယ်လို့လဲ သတင်း ရရှိပါတယ်။

ပြင်သစ် ဦးဆောင်တဲ့ တပ်တွေ သူပုန်တွေကို အောင်နိုင်ခဲ့ပြီလို့ ပါရီ မှာ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

အစ္စလာမ် သူပုန်တွေကို နှိမ်နင်းနေတဲ့ မာလီ အစိုးရကို စစ်ကူဖို့ နိုင်ငံစုံတပ်ကို ဒေါ်လာ သန်း ၅ဝ ထောက်ပံ့ဖို့လဲ အာဖရိက သမဂ္ဂက ကတိပြုခဲ့ပါတယ်။

အီသီယိုးပီးယား မြို့တော် အဒစ်အဘားဘားမှာ အာဖရိက ခေါင်းဆောင်များရဲ့ ၂ ရက်ကြာ ထိပ်သီး စည်းဝေးပွဲ ကျင်းပပြီးနောက် ဒီလို ကူညီမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါ နေ့ အဒစ်အဘားဘားမှာ ကျင်းပမယ့် နိုင်ငံတကာ အလှူရှင်များ စည်းဝေးပွဲမှာ ဒေါ်လာ သန်း ရာနဲ့ချီ ကောက်ခံနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။