BBC navigation

ကင်မရွန်း အယ်လ်ဂျီးရီးယားရောက်

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 23:02 GMT
Cameron Algeria

အယ်လ်ဂျီးရီးယား အာဇာနည်ကုန်းမှာ ပန်းခွေချ

မြောက်အာဖရိက တလွှား ကြီးထွားလာနေတဲ့ အစ္စလာမ် စစ်သွေးကြွတွေ ရန်ကို ချေမှုန်းဖို့ လက်တွဲ သွားကြမယ်လို့ အယ်လ်ဂျီးရီးယားနဲ့ ဗြိတိန် ၂ နိုင်ငံ သဘောတူညီမှု ရခဲ့ကြောင်း အယ်လ်ဂျီးရီးယားကို ရောက်ရှိနေတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ပြောကြား လိုက်ပါတယ်။

အယ်လ်ဂျီးရီးယား ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နောက် မစ္စတာ ကင်မရွန်း ဒီလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယား သဲကန္တာရ ထဲက ဓာတ်ငွေ့ တူးစခန်း တခုမှာ နိုင်ငံခြားသား ဓားစာခံ ၃၇ ယောက် ကို စစ်သွေးကြွတွေ သတ်ဖြတ်မှု ဖြစ်ပွားပြီး ၂ ပတ် အကြာမှာ မစ္စတာ ကင်မရွန်း ရောက်ရှိ လာတာ ဖြစ်ပါတယ်။

သူနဲ့အတူ ဗြိတိသျှ နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့ M-I-6 ရဲ့ အကြီးအကဲလဲ လိုက်ပါ လာပါတယ်။

ဒီ ပူးပေါင်း ဆောင်ရွက်မှုမှာ သတင်း အချက်အလက် ဖလှယ်မှုက အခရာကျ ပေမယ့် နယ်စပ်နဲ့ လေယာဉ် ပျံသန်းမှု လုံခြုံရေး ကိစ္စ တွေလဲ ပါလာမယ်လို့ အယ်လ်ဂျီးယားစ် မြို့က ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။