BBC navigation

ဂျွန်ကယ်ရီ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကျမ်းကျိန်

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 23:52 GMT
john_kerry

အနားယူသွားတဲ့ ဟီလာရီ ကလင်တန်နဲ့ နိုင်ငံခြားရေး ဝန်ကြီးသစ် ဂျွန်ကယ်ရီ


အမေရိကန် ပြည်ထောင်စု မှာတော့ ဆီးနိတ် လွှတ်တော်အမတ် ဂျွန်ကယ်ရီဟာ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တရားရုံးချုပ်မှာ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆီးနိတ်လွှတ်တော်က နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြု ခန့်ထား ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း တဦး ဖြစ်ခဲ့ဖူးတဲ့ မစ္စတာ ကယ်ရီဟာ ဗီယက်နမ် စစ်ပြန် ဟောင်းတဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ် အတွင်းကတော့ သူဟာ သမ္မတ အိုဘားမားရဲ့ အလွတ်သဘော အထူးသံတမန် တဦး အဖြစ်တာဝန် ထမ်းဆောင် နေခဲ့တာ ဖြစ်ပါတယ်။

သူဟာ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ အကြီးအကဲ အဖြစ် ဟီလာရီ ကလင်တန် ရဲ့ နေရာမှာ တာဝန်ထမ်းဆောင် သွားမှာ ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန် ကတော့ လူကြိုက် များနေစဉ်မှာပဲ တာဝန်ကနေ အနားယူ သွား ခဲ့တာ ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန်ဟာ တာဝန် ထမ်းဆောင် နေစဉ် အတွင်းမှာ မိုင်ပေါင်း ၁ သန်း နီးပါး ခရီးသွား ခဲ့သလို နိုင်ငံပေါင်း ၁၀၀ ကျော် ကိုလည်း သွားရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။