BBC navigation

ဆီးရီးယား အတိုက်အခံနဲ့ ရုရှားဆွေးနွေး

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 23:07 GMT
moaz_al-khatib_syria

ဆီးရီးယား အတိုက်အခံ အဖွဲ့ခေါင်းဆောင် အာမက် မိုအပ်ဇ် အဲလ် ခါတိဗ်

ဆီးရီးယား အတိုက်အခံ အဖွဲ့ တွေနဲ့ ပုံမှန် ဆက်သွယ်မှု ပြုလုပ် သွားချင်ကြောင်း ရုရှားက ပြောလိုက်ပါတယ်။

ဒါကတော့ ရုရှားနဲ့ ဆီးရီးယား အတိုက်အခံတွေ အကြား ပထမဆုံး အကြိမ် အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးပွဲ အပြီးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံ မြူးနစ်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ ညီလာခံကို တက်ရောက် ကြရင်း ဘေးထွက် အစည်းအဝေး အဖြစ် တွေ့ဆုံ ခဲ့ကြအပြီးမှာ ဆီးရီးယား အတိုက်အခံ အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အာမက် မိုအပ်ဇ် အဲလ် ခါတိဗ် ကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဘရော့ဗ်က မော်စကိုကို လာဖို့ပါ ဖိတ်ကြား ခဲ့ပါတယ်။

မော်စကိုဟာ ဆီးရီးယား အရေး ကိစ္စတွေကို ဖြေရှင်းရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ နဲ့ သဘောထားချင်း သိပ်မတိုင်ဆိုင် လှပေမယ့် အခုတွေ့ဆုံ ပွဲကို ကြည့်ရင် ရုရှားဘက်က အနေအထားတွေ ပြောင်းလဲ လာနေတာ ဖြစ်တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။