BBC navigation

မာလီ မြောက်ပိုင်းက သူပုန်တွေကို ပြင်သစ် ဗုံးကြဲ

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 23:58 GMT

စစ်သွေးကြွတွေ ခိုအောင်း နေတယ်လို့ ယူဆ ရတဲ့ ခီဒဲလ်မြို့ မြောက်ဘက်ကို တိုက်ခိုက်

ပြင်သစ် စစ်လေယာဉ် အစင်း ၃ဝ နဲ့ မာလီ မြောက်ပိုင်းမှာ လေကြောင်း တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

စစ်သွေးကြွတွေ ခိုအောင်း နေတယ်လို့ ယူဆ ရတဲ့ ခီဒဲလ်မြို့ မြောက်ဘက်က တောင် ထူထပ်တဲ့ ဒေသတွေကို ဦးတည် တိုက်ခိုက် ခဲ့ကြောင်း မာလီက ဘီဘီစီ သတင်း ထောက်က ပြောကြား ပါတယ်။

ဗုဒ္ဓဟူးနေ့က လေဆိပ်ကို သိမ်းပြီး နောက် မြို့ လုံခြုံရေး အတွက် ပြင်သစ် တပ်တွေ ကြိုးစား ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။

ခီဒဲလ်မြို့ဟာ အစ္စလာမ် သူပုန်တွေရဲ့ နောက်ပိတ်ဆုံး ခံတပ် စခန်း ဖြစ်ပေမယ့်လည်း တွားရပ် သူပုန်တွေကို စေ့စပ် ညှိနှိုင်းရေး လမ်းကြောင်း တွေက တဆင့် မြို့ကို အညံ့ခံ ဖို့ သိမ်းသွင်း ခံရတာ ဖြစ်နိုင် ကြောင်း ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။