BBC navigation

ရဟန်းမင်းကြီးကို ချီးမွမ်းပူဇော်

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 22:56 GMT
pope benedict

လူသန်းတထောင်ကို ပဲ့ပြင် ထိန်းကျောင်း လာသူ

အမေရိကန် သမ္မတ အိုဘားမားက ဝတ်ပြု ဆုတောင်းရင်း ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် အမေရိကန် ပြည်သူတွေ အပေါ် ဆောင်ရွက် ပေးခဲ့သမျှ အတွက် ချီးမွမ်း ပြောဆိုခဲ့ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် အပါအဝင် ဥရောပ ခေါင်းဆောင် အများအပြား ကလဲ ပုပ်ရဟန်း မင်းကြီး အတွက် အမှတ်တရ ဂုဏ်ပြု စကား ပြောကြားကြပါတယ်။

အန်ဂလာ မာကဲလ်က လူသန်းတထောင်ကျော်ကို ပဲ့ပြင် ထိန်းကျောင်း လာခဲ့တဲ့ ရဟန်းမင်းကြီးဟာ ခရစ်ယာန် မွတ်ဆလင်နဲ့ ဂျူးဘာသာဝင် တွေအကြား ညှိနှိုင်း ဆက်ဆံရေး အတွက် များစွာ ဆောင်ကြဉ်း ပေးခဲ့သူ ဖြစ်ကြောင်း ပြောဆိုပါတယ်။

အင်္ဂလီကန် အသင်းတော် ဂိုဏ်းချုပ်၊ အစ္စရေး နိုင်ငံက ဂျူး ဘာသာရေး ဂိုဏ်းချုပ်နဲ့ အီဂျစ်က မွတ်ဆလင် ဘာသာရေး ဆရာကြီးများ ကလဲ ပုပ်ရဟန်း မင်းကြီးကို လေးစားကြောင်း ထုတ်ဖော် မိန့်ဆိုကြပါတယ်။

ဒါပေမဲ့ အိုင်ယာလန် နိုင်ငံက ကက်သလစ် သာသနာပြု ကျောင်းတွေမှာ ထိပါးနှောင့်ယှက် ခံရတဲ့ ကလေးသူငယ်တွေ အတွက် တည်ထောင် ထားတဲ့ အဖွဲ့ကတော့ ပုပ်ရဟန်းမင်းကြီးဟာ ဒီကိစ္စတွေမှာ တာဝန်ရှိသူတွေကို အပြစ်ဒဏ်ခတ်ဖို့ ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ဘူးလို့ ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။