BBC navigation

မာလီဒုက္ခသည်တွေကို ကြက်ခြေနီ ကူညီမယ်

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 17:46 GMT

ဒုက္ခသည် တွေဟာ မာလီ နိုင်ငံ မြောက်ပိုင်းက တိုက်ခိုက် မှုတွေ ကနေ ထွက်ပြေး လာကြတာ ဖြစ်ပါတယ်

အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ ICRC ကနေ မာလီ နိုင်ငံက ဒုက္ခသည် ၆၀၀၀ အတွက် အရေးပေါ် အကူ အညီတွေ ပို့ပေးတော့မှာ ဖြစ်တယ် လို့ ပြောကြား ပါတယ်။

ဒီဒုက္ခသည် တွေဟာ မာလီ နိုင်ငံ မြောက်ပိုင်းက တိုက်ခိုက် မှုတွေ ကနေ ထွက်ပြေး လာကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ဂေါင်းမြို့နဲ့ ခီဒဲလ် မြို့တွေ ကနေ ထွက်ပြေး လာကြကာ အခုတော့ အဲလ်ဂျီးရီးယား နယ်စပ် အနီးက လူသူဝေးတဲ့ နေရာ တွေမှာ နေနေ ကြပါတယ်။

သူတို့မှာ အစား အသောက် အနည်းငယ်သာ ရှိကြပြီး၊ သစ်ပင်တွေ အောက်နဲ့ ယာဉ်အပျက်ဆီး တွေထဲမှာ နေနေ ကြရတယ်လို့ ICRC က ပြောပါတယ်။

ပြင်သစ်နဲ့ မာလီ တပ်ဖွဲ့တွေ ကနေ အစ္စလာမ် သူပုန်တွေကို စစ်ဆင် တိုက်ခိုက် မှုတွေ ပြုလုပ် နေတောကြောင့် လူပေါင်း သောင်းနဲ့ချီ ထွက်ပြေး ခဲ့ကြရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။