BBC navigation

မနှစ်က ယူရိုဇုန် စီးပွားရေး ထပ်ကျဆင်း

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 13:54 GMT
euro

မနှစ်က နောက်ဆုံး ၃လမှာ ယူရိုဇုန်စီးပွားရေး ကျခဲ့ပြန်

တရားဝင် ထုတ်ပြန် လိုက်တဲ့ စာရင်း ဇယား တွေအရ ပြီးခဲ့တဲ့ နှစ်ရဲ့ နောက်ဆုံး ၃လမှာ ယူရိုဇုန်ရဲ့ စီးပွားရေးဟာ ပိုမို ဆုတ်ယုတ် ကျဆင်းသွားခဲ့ ပါတယ်။

ဥရောပ သမဂ္ဂရဲ့ စာရင်းရုံးက အဲဒီ မတိုင်ခင် ၃ လ နဲ့ နှိုင်းယှဉ်ရင် ယူရိုဇုန်ရဲ့ စီးပွားရေးဟာ ၀ ဒဿမ ၆ ရာခိုင်နှုန်းကျဆင်း ခဲ့တယ်လို့ ဆိုပါတယ်။

ယူရိုဇုန် အတွင်းက အကြီးဆုံး စီးပွားရေး ကြီးတွေ ဖြစ်ကြတဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီ နိုင်ငံတွေမှာ ထင်ထားတာထက် ပိုပြီး ကျဆင်းမယ်လို့ ဆိုပါတယ်။

ဘာလင်မြို့က ဘီဘီစီ သတင်းထောက် ကတော့ ဂျာမနီရဲ့ စီးပွားရေး ဟာလည်း ယူရို ဇုန်အတွင်းမှာ ဖြစ်နေတဲ့ စီးပွားရေး ကျဆင်းမှု တွေရဲ့ ဒဏ်ကနေ မလွတ်ခဲ့ဘူးလို့ ပြောပါတယ်။

ယူရိုဇုန် အတွင်းမှာ စလိုဗက်ကီးယားနဲ့ အက်စတိုးနီးယား တို့ပဲ စီးပွားရေး တိုးတက်မှုရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။