BBC navigation

ပုပ်ရဟန်းမင်းကြီး လူထုကို ကျေးဇူးတင် စကားပြော

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 15:25 GMT

နောက်တက် လာမယ့် ပုပ်ရဟန်မင်း အသစ် ကို လည်း ဆုတောင်း ပေးကြဖို့ ပြောကြား ပါတယ်

ပုပ်ရဟန်မင်းကြီး ဘန်နဒစ်ဟာ သူ သီတင်းသုံး နေထိုင်ရာ ဗာတီကန် ဘုရားကျောင်း ကြီးရဲ့ ပြတင်းပေါက် ကနေ စိန့်ပီတာ ရင်ပြင်မှာ ရောက် ရှိနေတဲ့ ထောင်သောင်း ချီတဲ့ ကက်သလစ် ဘာသာဝင် တွေကို ကျေးဇူးတင် စကား ပြောကြားခဲ့ ပါတယ်။

အခုလ အကုန်မှာ ရိုမန် ကက်သလစ် အသင်းတော် ကြီးရဲ့ သာသနာပိုင် အဖြစ် ကနေ အနားယူ တော့မယ့် ပုရဟန်း မင်းကြီးက လူထု ပရိသတ်ကို နောက်ဆုံး နှုတ်ဆက် တဲ့ အခမ်းအနား တခု အနေနဲ့ ကျေးဇူးတင် စကား ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းတွေက သူ့ကို ထောက်ခံကြောင်း ပြသပြီး ဆုတောင်း ပေးခဲ့ကြ သူတွေ ကိုလည်း ကျေးဇူးတင် ကြောင်း၊ လာရောက် နှုတ်ဆက်တဲ့ လူအုပ်ကြီး ကို ပုပ်ရဟန်း မင်းကြီးက ပြောပါတယ်။

ကက်သလစ် ဘာသာဝင်တွေ အနေနဲ့ သူ့အတွက် ဆက်လက် ဆုတောင်း ပေးဖို့နဲ့ နောက်တက် လာမယ့် ပုပ်ရဟန်မင်း အသစ် ကိုလည်း ဆုတောင်း ပေးကြဖို့ ပြောကြား ပါတယ်။

ပုပ်ရဟန်း မင်းကြီးက ခရစ်ယာန် ဓလေ့ အတိုင်း ကောင်းချီး ပေးပြီး နောက်မှာတော့ လူအုပ်ကြီးက ပျှော်ရွှင် ဝမ်းမြောက်စွာ ပြန်လည် နှုတ်ဆက်ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။