BBC navigation

အိုင်းဗရီးကို့စ် သမ္မတဟောင်း ရုံးထုတ်ပြီ

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 23:12 GMT
gbagbo

သူ့ကို ထောက်ခံသူတွေ ခုံရုံး ပြင်မှာ စုဝေး

အိုင်းဗရီးကို့စ် နိုင်ငံ သမ္မတဟောင်း လောရန့် ဘက်ဘိုးကို သည်ဟိတ်ဂ်မြို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ စတင် ရုံးထုတ်ခဲ့ပါတယ်။

လောရန့် ဘက်ဘိုးဟာ ပထမဆုံး နိုင်ငံတကာ ခုံရုံးမှာ အမှုစစ် ခံရတဲ့ နိုင်ငံ ခေါင်းဆောင်ဟောင်း ဖြစ်လာ ပါတယ်။

ဒီကြားနာမှုက ဖေဖော်ဝါရီလ ၂၈ ရက်ထိ ကြာလိမ့်မယ်လို့ ရပြီး မစ္စတာ ဘက်ဘိုး ၂ဝ၁ဝ ပြည်နှစ် ရွေးကောက်ပွဲ ရှုံးသွားပြီးနောက် သူ့တပ်သားတွေ ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေကို သူအမိန့်ပေး ခဲ့သလား ဆိုတဲ့ စွဲချက်တွေ အတွက် လုံလောက်တဲ့ သက်သေ ရမှသာ ခုံရုံးဘက် လွှဲပြောင်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်မှု တွေအတွင်း လူ ၃ဝဝဝ လောက် သေဆုံး ခဲ့ရပါတယ်။

သူ့မှာ အပြစ်မရှိကြောင်း မစ္စတာ ဘက်ဘိုးက ထွက်ဆိုခဲ့ပြီး ထောက်ခံသူ ၃ဝဝ လောက် ခုံရုံး အပြင်ဘက်မှာ စုဝေး ကန့်ကွက် ခဲ့ကြပါတယ်။

သူ့ကို ဆက်ခံသူ Alassane Ouattara ဘက်လိုက်ပြီး နိုင်ငံတကာ ခုံရုံးက ဆောင်ရွက်တယ် လို့ သူ့ရှေနေက စွပ်စွဲ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။