BBC navigation

တူနီးရှား ဝန်ကြီးချုပ် နှုတ်ထွက်

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 22:20 GMT
tunisia

သမ္မတနဲ့ ဆွေးနွေးပြီးနောက် ဂျေဘလီ ရုပ်သံ မိန့်ခွန်းပေး

တူနီးရှား ဝန်ကြီးချုပ် ဟာမစ် ဂျေဘလီ နှုတ်ထွက်ကြောင်း ကြေညာ လိုက်ပါပြီ။

တူးနီးရှား နိုင်ငံရေး အကျပ်အတည်း ပြေလည်စေဖို့ ပညာရှင် အရာရှိတွေနဲ့ အစိုးရသစ် ဖွဲ့ဖို့ သူ့ရဲ့ ကြိုးပမ်းချက် အထမမြောက် တဲ့အတွက် မစ္စတာ ဂျေဘလီ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ မွန်ဆစ် မာဇူကီနဲ့ ပြောဆို ဆွေးနွေးပြီးနောက် ရုပ်မြင်သံကြား ကနေ တိုက်ရိုက် မိန့်ခွန်းပေး ခဲ့တာပါ။

ရွေးကောက်ခံ မဟုတ်တဲ့ ပညာရှင် တွေနဲ့ အစိုးရသစ် ဖွဲ့ဖို့ ကိစ္စ သူ့ရဲ့ အာဏာရ အန်နာ့ဒ် ပါတီက မထောက်ခံရင် နှုတ်ထွက်မယ်လို့ မစ္စတာ ဂျေဘလီ ဖိအားပေးခဲ့ ပါတယ်။

လက်ဝဲ အတိုက်အခံ ခေါင်းဆောင် ရှိုကရီ ဘယ်လာအစ်ဒ် ဒီလထဲမှာ လုပ်ကြံခံရပြီးနောက် တူနီးရှား လမ်းမတွေပေါ်မှာ ဆူပူ မငြိမ်သက်မှုတွေ ပြန့်နှံ့ ဖြစ်ပေါ်ခဲ့ပြီး အစ္စလာမ် အယူအစွဲကြီးသူတွေနဲ့ ဘာသာရေး အလွှမ်းမိုး မခံလိုတဲ့သူတွေ ကြား အကြီးအကျယ် ကွဲလွဲ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။