BBC navigation

ဆိုင်ဘာ သူလျိုလုပ်မှု တရုတ် ပြန်လည် ချေပ

နောက်ဆုံး ရေးသားချိန် 20 ဖေဖေါ်ဝါရီလ 2013 - 15:48 GMT

ဆိုင်ဘာ တိုက်ခိုက်မှု အစီရင်ခံစာ

နိုင်ငံတကာ ဆိုင်ဘာ သူလျို လုပ်မှုကြီး တခုရဲ့ နောက်ကွယ်မှာ တရုတ် လက်နက်ကိုင် အဖွဲ့ တခု ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ရှန်ဟိုင်း အခြေစိုက် စစ်တပ်ရဲ့ အဖွဲ့တခုက ကွန်ပြူတာ ကနေ ဟတ်ခ် လုပ် ထိုးဖောက် ဝင်ရောက်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ အမေရိကန် နည်းပညာ ဆိုင်ရာ လုံခြုံရေး ကုမ္ပဏီ တခုက သတင်းထုတ်ပြန်ခဲ့တဲ့ အပေါ် အခုလို တရုတ်ဖက်ကနေ ချေပချက် ထွက်လာတာပါ။

အင်တာနက် လိပ်စာတွေကို ထင်ယောင်ထင်မှား အပိုင်စီးတာတွေ လုပ်နိုင်တာကို လူတိုင်းသိတယ် ၊ ဟတ် လုပ်တယ် ဆိုတဲ့ စကားလုံး ကလည်း နိုင်ငံတကာမှာ အဓိပ္ပါယ် ဆိုချက် အတိအကျ မရှိဘူးလို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက အခိုင်အမာ ပြောသွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။