BBC navigation

ဝန်ကြီးချုပ် တယောက်ရွေးဖို့ အတိုက်အခံတွေပြော

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 00:50 GMT

အတိုက်အခံတွေရဲ့ ကိုင်ရိုမြို့က အစည်းအဝေး

ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ကြီးစိုးရာ ဒေသမှာ ပြည်နယ် အစိုးရကို ဦးဆောင်ဖို့ ဝန်ကြီးချုပ် တယောက်ကို လာမယ့် သီတင်းပတ်မှာ အစည်းအဝေး ကျင်းပ ၊ ရွေးချယ်မယ်လို့ အဓိက အတိုက်အခံ အုပ်စုက ပြောပါတယ်။

ကိုင်ရိုမြို့မှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး ဆီးရီးယား အမျိုးသား ကောင်စီက ပြောကြား ရာမှာ စင်ပြိုင် အစိုးရ စထောင်ဖို့ အတွက် လာမယ့် မတ်လ နှစ်ရက်နေ့ ကျရင် အစ္စတန်ဘူးမှာ စည်းဝေးကြမယ်လို့ ဆိုပါတယ်။

အလက်ပိုမြို့မှာ အမြှောက်တွေ ကျရောက် ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၁၂ယောက် သေဆုံးကာ အိမ် တော်တော်များများ ပျက်စီးသွားတယ်လို့ အတိုက်အခံရေး တက်ကြွ လှုပ်ရှားသူတွေ ကပြောပါတယ်။

ဆီးရီးယား အရေး ဆိုင်ရာ နိုင်ငံတကာ ငြိမ်းချမ်းရေး အထူး သံတမန် လက်ခ်ဒါ ဘရာဟီမီ ကတော့ လူတရာလောက် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ တုန်းက ဒမားစကပ်စ်မြို့က ကားဗုံး ပေါက်ကွဲမှုဟာ စစ်ရာဇဝတ်မှု တရပ်ဘဲလို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။