BBC navigation

ကင်ညာ သမ္မတ ရွေးကောက်ပွဲ စ

နောက်ဆုံး ရေးသားချိန် 3 မတ်လ 2013 - 23:11 GMT
kenya

လူထု စည်းဝေးပွဲတခုက ကင်ညာ သမ္မတလောင်းများ

မကြာခင် နာရီပိုင်း အတွင်းမှာပဲ အခြေခံ ဥပဒေသစ်နဲ့ အညီ ကျင်းပတဲ့ ကင်ညာ သမ္မတ ရွေးကောက်ပွဲ စတော့မှာ ဖြစ်ပါတယ်။

အရင်တခါ ရွေးကောက်ပွဲ အပြီးမှာ လူမျိုးစု အကြမ်းဖက်ပွဲ တွေ သွေးချောင်းစီး သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာမို့ ဒါမျိုးတွေ ထပ်မဖြစ်ရအောင် အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

လူမျိုးရေး နိုင်ငံရေး ကွဲပြားမှု တွေကြောင့် မဲရလဒ် အငြင်းပွားရာကနေ လူတထောင်ကျော် သေတဲ့ အဓိကရုဏ်းကြီး လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ပွားခဲ့ပါတယ်။

ဒီတခါ မဲဆွယ်ပွဲတွေ မှာတော့ လက်ရှိ ဝန်ကြီးချုပ် Raila Odinga နဲ့ ကင်ညာ ပထမဆုံး သမ္မတရဲ့သား Uhuru Kenyatta တို့က ရှေ့က ပြေးနေကြပါတယ်။

အရင် ၅ နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို နောက်က ကြိုးကိုင် ခဲ့တယ် ဆိုပြီး မစ္စတာ Kenyatta ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးက စွဲဆို ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။