BBC navigation

ပြည်သူ စိတ်ဝင်စားတဲ့ ကင်ညာ ရွေးကောက်ပွဲ

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 22:33 GMT
kenya

အဝေးက မဲလာပေးကြတဲ့ မျိုးနွယ်စုတွေ

ကင်ညာ နိုင်ငံရဲ့ သမိုင်းမှာ အရေးအကြီးဆုံး ရွေးကောက်ပွဲလို့ ခေါ်နိုင်မယ့် အခု ကျင်းပခဲ့တဲ့ ရွေးကာက်ပွဲ မဲရလဒ် တွေကို ရေတွက် နေဆဲ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲဟာ ၂ဝဝ၇ ခုနှစ်က ခါးခါး သီးသီး ယှဉ်ပြိုင် ခဲ့ကြတဲ့ ရွေးကောက်ပွဲ နောက် ပထမဆုံး ပြန်ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ် တုန်းကတော့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ တာကြောင့် လူပေါင်း ၁ဝဝဝ ကျော် သေဆုံးခဲ့ရပါတယ်။

နောက်ပြီး မဲ မသမာမှုတွေ ပေါ်ပေါက် ခဲ့တယ် ဆိုတဲ့ စွဲချက်တွေလဲ ရှိခဲ့ပါတယ်။

အခုတော့ အဲဒီတုန်း ကလို မဖြစ်ရအောင် အခြေခံ ဥပဒေကို အသစ် ပြန်လည် ရေးဆွဲပြီး ရွေးကောက်ပွဲ အသစ် ကျင်းပတာ ဖြစ်ပါတယ်။

ကင်ညာ နိုင်ငံသား ၇ဝ ရာခိုင်နှုန်း ကျော် မဲထွက်ပေး တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်း ရလောက်အောင် မဲပေးသူ များလှပါတယ်။

လူတွေ အကြာကြီး တန်းစီ မဲပေး ခဲ့ရတဲ့ အတွက် တချို့ နေရာတွေ မှာ မဲရုံတွေ ရက်ထပ်တိုး ပေးခဲ့ရ ပါတယ်။

မဲ ၁ဝ ရာခိုင်နှုန်းလောက် ရေတွက် ပြီးချိန်မှာတော့ ဒုတိယ ဝန်ကြီးချုပ် Uhuru Kenyatta က သူ့ရဲ့ အဓိက ပြိုင်ဘက် ဝန်ကြီးချုပ် Raila Odinga ရဲ့ ရှေ့ကနေ ဦးဆောင်နေပါတယ်။

မဲရလဒ် နောက်ဆုံး အနိုင် အရှုံးက မတ်လ ၁၁ ရက်နေ့ကျမှ တရားဝင် ကြေညာမှာ ဖြစ်ပေမယ့် လက်တလော အခြေ အနေ အရ Mr Kenyatta ကို ထောက်ခံသူ များတဲ့ ဒေသ မှာတော့ သူ့က မစ္စတာ အိုဒင်ဂါ ထက် မဲသာ နေပါတယ်။

ဒါပေမယ့် Mr Kenyatta အတွက် ထောက်ပြစရာ အကွက် ဖြစ်နေတာက ပြီးခဲ့တဲ့ ၅ နှစ်က ရွေးကောက်ပွဲ အကြမ်းဖက်မှုမှာ သူ့ပယောဂ မကင်းဘူး ဆိုတဲ့ စွဲချက်နဲ့ ဒီနှစ် ကုန်ပိုင်းမှာ နိုင်ငံ တကာ ခုံရုံးမှာ အမှု ရင်ဆိုင်ဖို့ ရှိနေပါတယ်။

အခုနေတော့ ပြိုင်ဘက် နှစ်ဦး စလုံးက ဘယ်သူပဲ နိုင်နိုင် ပြည်သူတွေ အနိုင်ပေး သူကို လက်ခံ အသိအမှတ် ပြုပါ့မယ်လို့ ဆိုနေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။