BBC navigation

ကင်ညာ ရွေးကောက်ပွဲ ပယ်မဲ ပြဿနာတက်

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 00:58 GMT

ပယ်မဲ ထည့်တွက် ခိုင်းနေတဲ့ အူရူ ကင်ညက်တာ

ကင်ညာ သမ္မတ ရွေးကောက်ပွဲမှာ ပယ်မဲတွေကို ထည့်မရေတွက်တဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတလောင်းအူရူ ကင်ညက်တာရဲ့ ပါတီက စိန်ခေါ်လိုက်ပါတယ်။

အခုလို ပယ်မဲ ထည့်မရေတဲ့ အတွက်လက်ရှိ ရှေ့က ဦးဆောင်နေတဲ့ မစ္စတာ ကင်ညက်တာ အနေနဲ့ ပထမဆင့် ရွေးကောက်ပွဲမှာ နိုင်နေတဲ့ အနေအထား ကနေ အခွင့်အလမ်းတွေ သိသိသာသာ ကျဆင်းသွားနိုင်တာ ဖြစ်ပါတယ်။

ကင်ညာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အခုလို လုပ်ရတာ ဖြစ်ပြီး သူ့အနေနဲ့ အနိုင်ရဖို့အတွက် မဲအားလုံးရဲ့ တဝက်ကျော် ထောက်ခံမဲ ရဖို့ လိုပါတယ်။

မဲပေးမှုပုံစံသစ် အရ ပြဿနာတွေ အများအပြားကြုံနေရပြီး ပယ်မဲတွေဟာ သုံးသိန်းကျော် သွားပြီ ဖြစ်ပါတယ်။

လုပ်ငန်းဆိုင်ရာ ပြဿနာတွေ ဆက်လက် ကြုံနေရပြီး နောက်ဆုံး ရလဒ် အပြည့်အစုံကို လာမယ့် တနင်္လာ ၊ အင်္ဂါလောက်မှသာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ကင်ညာ အာဏာပိုင်တွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။