BBC navigation

မြောက်ကိုရီးယားကို ကုလ တိုးချဲ့ပိတ်ဆို့

နောက်ဆုံး ရေးသားချိန် 8 မတ်လ 2013 - 01:12 GMT
korea

မြောက်ကိုရီးယားကို ထပ်ပိတ်ဆို့ဖို့ ရုရှ သံအမတ် မဲပေး

မြောက်ကိုရီးယားရဲ့ တတိယမြောက် အဏုမြူ စမ်းသပ် ဖောက်ခွဲမှု ကြောင့် မြောက်ကိုရီးယား အပေါ် ပိတ်ဆို့မှု အသစ်တွေ တိုးချဲ့ ထားရှိဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲ ဆုံးဖြတ် ခဲ့ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားရဲ့ အစဉ်အလာ မဟာမိတ် တရုတ် နိုင်ငံကြား ဆွေးနွေး ညှိနှိုင်း ပြီးနောက် စတုတ္ထ အကြိမ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အားလုံး သဘောတူ မဲပေး ဆုံးဖြတ် ခဲ့ကြပါတယ်။

မြောက်ကိုရီးယား အဏုမြူ စီမံကိန်း အတွက် ထောက်ပံ့မှု ရနိုင်တဲ့ ရင်းမြစ်တွေ၊ ငွေသား အစုလိုက် အပုံလိုက် လွှဲပြောင်း ပေးမှုတွေကို ရှာဖွေ ပိတ်ဆို့ဖို့လဲ ဒီ ဆုံးဖြတ်ချက်မှာ ပါပါတယ်။

ကုလသမဂ္ဂ မှာ ဒီလို မဲခွဲ ဆုံးဖြတ်မှု မလုပ်ခင် မှာပဲ မြောက်ကိုရီးယား က အမေရိကန် ကို အဏုမြူ နဲ့ လက်ဦးမှု ယူပြီး တိုက်ခိုက် နိုင်တယ် ဆိုတဲ့ ခြိမ်းခြောက်မှု ကို အိမ်ဖြူတော်က ပယ်ချ ခဲ့ပါတယ်။

အမေရိကန် အနေနဲ့ ဘယ်လို ဒုံးကျည် လက်နက်မျိုး ကို မဆို ကိုင်တွယ် ဖြေရှင်း နိုင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။

အမေရိကန် က တောင်ကိုရီးယား နဲ့ စစ်ရေး လေ့ကျင့်မှု တွေ လုပ်နေတာဟာ အဏုမြူ စစ်ပွဲ ဆင်နွှဲဖို့ ကြိုတင် လေ့ကျင့် နေတာ ဖြစ်တယ် လို့ မြောက်ကိုရီးယား ဘက်က စွပ်စွဲ ခဲ့ပြီးနောက် ဒီလို ခြိမ်းခြောက် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။