BBC navigation

ဗင်နီဇွဲလား ရွေးကောက်ပွဲ ကျင်းပမယ်

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 00:20 GMT

ယာယီ သမ္မတ Nicolas Maduro

ဗင်နီဇွဲလား နိုင်ငံမှာ ကွယ်လွန်သူ သမ္မတ ဟူဂိုရှာဗက်ဇ် နေရာ အစားထိုးဖို့ ရွေးကောက်ပွဲတွေကို လာမယ့် ဧပြီလ ၁၄ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

မစ္စတာ ရှာဗက်ဇ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကနဦး ရွေးကောက်ပွဲ စစ်တမ်းတွေ အရ ယာယီ သမ္မတ နီကိုလပ်စ် မဒူရိုကို အနိုင်ရဖို့ များတယ်လို့ ဆိုပါတယ်။

မစ္စတာ မဒူရိုကို မစ္စတာ ရှာဗက်ဇ် ကိုယ်တိုင်က သူ့နေရာ ဆက်ခံဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး လက်ဝဲယိမ်း ဝါဒတွေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဂတိပေးခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ မဒူရိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ရွေးကောက်ပွဲမှာ မစ္စတာ ရှာဗက်ဇ်ကို အရေးနိမ့်ခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင် ဟင်နရီ ပတ်ပရီလာနဲ့တော့ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။