BBC navigation

အမေရိကန်နဲ့ တာလီဘန်ကို မစ္စတာခါဇိုင်း အပြစ်တင်

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 15:24 GMT

အာဖဂန် ပြည်သူတွေကို တာလီဘန်တွေ ဆိုပြီး အမေရိကန်က မတရား လုပ် နေတယ်လို့ မစ္စတာ ခါဇိုင်းက ပြော

၂၀၁၄ ခုနှစ် အာဖဂန် နစ္စတန် ကနေ နိုင်ငံခြား တပ်ဖွဲ့တွေ ပြန် ရုပ်သိမ်း သွားပြီးတဲ့ နောက်မှာ တိုင်းပြည်မှာ အကြမ်းဖက် မှုတွေ ပိုဖြစ်လာ လိမ့်မယ် ဆိုပြီး အာဖဂန် ပြည်သူတွေ ယုံလာ အောင် ခြောက်လှန့် နေတဲ့ သူတွေဟာ အမေရိကန်နဲ့ တာလီဘန် တွေ ဖြစ်တယ် ဆိုပြီး အာဖဂန် သမ္မတ ဟားမစ် ခါဇိုင်းက စွပ်စွဲ လိုက်ပါတယ်။

တာလီဘန် တွေဟာ ရန်သူ မဟုတ် ပါဘူးလို့ အမေရိကန်က ပြောနေ ပေမယ့်လည်း ၊ တဘက်မှာ ကျတော့ အာဖဂန် ပြည်သူတွေကို တာလီဘန်တွေ ဆိုပြီး မတရား သဖြင့် ပြုမူ ဆက်ဆံ နေတယ်လို့ မစ္စတာ ခါဇိုင်းက ပြောပါတယ်။

တာလီဘန်တွေက သူတို့ လုပ်ဆောင်တာလို့ ပြောတဲ့ မနေ့က အသေခံ တိုက်ခိုက် မှုတွေဟာ တိုင်းပြည်မှာ အမေရိကန်နဲ့ နိုင်ငံခြား တပ်ဖွဲ့တွေ ကြာရှည် နေအောင် ရည်ရွယ် လုပ်ဆောင် တာ ဖြစ်တယ်လို့ မစ္စတာ ခါဇိုင်းက ပြောပါတယ်။

မစ္စတာ ခါးဇိုင်းရဲ့ ပြောကြား ချက်တွေ အပေါ် ကာဘူးလ်မှာ ရှိတဲ့ အမေရိကန် သံရုံးက ပြန်လည် တုံ့ပြန် ရာမှာတော့ အမေရိကန် အနေနဲ့ အာဖဂန် ဦးဆောင်တဲ့ တာလီဘန် တွေနဲ့ ဆွေးနွေးမှု တွေကို ထောက်ခံ ပါတယ်လို့သာ ပြောကြားပါတယ်။

မစ္စတာ ခါဇိုင်းရဲ့ အခုလို စွပ်စွဲ ပြောကြား ချက်တွေဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel အာဖဂန်ကို ရောက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင် နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။