BBC navigation

တရုတ်မှာ ထောင်နဲ့ချီတဲ့ ဝက်သေတွေ မြစ်ထဲမျော

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 16:50 GMT

မြစ်ညာမှာ ရှိတဲ့ မွေးမြူရေး ခြံတွေ ကနေ မြစ်ထဲ ပစ်ချ လိုက်တယ် ဆိုတဲ့ သံသယတွေ ထွက်ပေါ်နေ။

တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့အနီးက ဟွာပု မြစ်ထဲမှာ မျောလာ နေတဲ့ ဝက် အသေတွေကို အလုပ် သမားတွေဟာ ဆက်လက် ဆယ်ယူ နေရာ အခု အချိန် အထိ ဝက်အသေ အကောင် ပေါင်း ၂ ထောင် လောက် ဆယ်ယူ ပြီးပြီလို့ သတင်းတွေ က ဆိုပါတယ်။

ဒီ ဟွာပု မြစ်ရေကို ရှန်ဟိုင်းမြို့ သောက်ရေ အတွက် အဓိက အသုံး ပြုနေတာ ဖြစ်လို့ ဝက်သေ တွေကို ဒီမြစ်ထဲ ကနေ အမြန်ဆုံး ဆယ်ထုတ် နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဝက်တွေ ဘာကြောင့် အခုလို သေဆုံး ရတယ် ဆိုတာနဲ့ ကို အာဏာပိုင် တွေက စုံးစမ်း စစ်ဆေး မှုတွေ ပြုလုပ် နေပြီး၊ မြစ်ညာမှာ ရှိတဲ့ မွေးမြူရေး ခြံတွေ ကနေ မြစ်ထဲ ပစ်ချ လိုက်တယ် ဆိုတဲ့ သံသယတွေ လည်း ထွက်ပေါ် နေပါတယ်။

ရေထု ညစ်ညမ်းမှုဟာ တရုတ် နိုင်ငံမှာ အဓိက ပြဿနာ တရပ် ဖြစ်နေ တာကြောင့် ဒီကိစ္စ အပေါ် အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှု နှေးတယ် ဆိုပြီး တချို့ ဘလော့ဂါ တွေက ဝေဖန် ရေးသား ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။