BBC navigation

ဗြိတိန်နဲ့ ရုရှား သဘောထား ထပ်ကွဲ

နောက်ဆုံး ရေးသားချိန် 14 မတ်လ 2013 - 01:23 GMT

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ် ( ဝဲ ) နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဘ်ရော့ဘ် ( ယာ)

ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ လန်ဒန်က ဆွေးနွေးပွဲ ကျင်းပနေရာမှာ ဗြိတိန်နဲ့ ရုရှားတို့ဟာ ထပ်မံ သဘောထား ကွဲလွဲ ခဲ့ကြပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးပြီးတဲ့ အခါမှာ ဆီးရီးယား အတိုက်အခံတွေကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် လက်နက်ထောက်ပံ့မှုကို ဆန့်ကျင် သွားမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်ကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဘ်ရော့ဘ်က ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။

ဗြိတိန်က ဆီးရီးယား သူပုန်တွေကို လူတွေအား အသက်အန္တရာယ် မပြုလောက်တဲ့ လက်နက်တွေ အထောက်အပံ့ပေးမယ်လို့ ကတိပေးထားခဲ့ပြီး ဖြစ်သလို ဆီးရီးယား အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားချက်ကို သက်တမ်း ထပ်တိုးရင် ဥရောပ သမဂ္ဂမှာ ဗီတို အာဏာသုံး ပယ်ချပစ်မယ်လို့လည်း ဆိုပါတယ်။

ဘာကိုမှ ဆုံးဖြတ်ချက် မချရသေးပေမယ့် ဗြိတိန်က တရားနည်းလမ်း ကျတာတွေကိုသာ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဟိတ်ခ်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။