BBC navigation

ရှီဂျင်ပင်းကို တရုတ် သမ္မတသစ် အဖြစ် တင်မြှောက်

နောက်ဆုံး ရေးသားချိန် 14 မတ်လ 2013 - 15:37 GMT

သမ္မတ အဖြစ် တင်မြောက်အပြီး မစ္စတာ ရှီဟာ ကွန်ဂရက် ကိုယ်စားလှယ်တွေကို အရိုအသေပေး

တရုတ် ပြည်သူ့ ကွန်ဂရက် ကနေ ကွန်မြူနစ် ပါတီ ခေါင်းဆောင် ရှီဂျင်ပင်းကို နိုင်ငံတော် သမ္မတ သစ် အဖြစ် တရားဝင် တင်မြှောက် လိုက်ပြီ ဖြစ်ပါတယ်။

ကွန်ဂရက် တက်ရောက်နေတဲ့ ကိုယ်သားလှယ် ၃၀၀၀ နီးပါးမှာ သူ့ကို သမ္မတ အဖြစ် မထောက်ခံတဲ့သူက တစ်ဦးထဲပဲ ရှိတယ်လို့ ကြေငြာပါတယ်။

သမ္မတနေရာအတွက် နာမည် စာရင်းမှလည်း သူ့နာမည်တခုတည်းသာ ဖော်ပြထားပါတယ်။

သူ့ကို သမ္မတ အဖြစ် တင်မြှောက် လိုက်ပြီ ဖြစ်တဲ့ အတွက် တရုတ် နိုင်ငံမှာ ၁၀ နှစ်တကြိမ် အာဏာ လွှဲပြောင်းတဲ့ လုပ်ငန်းစဉ်ဟာလည်း အပြီးသတ်သွားပြီ ဖြစ်ပါတယ်။

အာဏာ တဖြည်းဖြည်းရလာတဲ့ ရှီဂျင်ပင်း

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှီဂျင်ပင်းဟာ တကယ်တော့ ပြီခဲ့တဲ့ ဆောင်းဦး ကာလကတည်းက တရုတ် ကွန်မြူနစ် ပါတီကြီးနဲ့ တရုတ် ပြည်သူ့ တပ်မတော်ကို ဦးဆောင် လာခဲ့သူ ဖြစ်ပါတယ်။

ရှီဂျင်ပင်းက တရုတ်နိုင်ငံကို အင်အား တောင့်တင်း ခိုင်မာပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအဖြစ်ထူ ထောင်လိုတယ်လို့ မကြာခင် သတင်းပတ်တွေမှာ ပြောခဲ့တာကို ကြည့်ရင် သူ့ရဲ့ ခေါင်းဆောင်မှု အောက်မှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာအရေးမှာ ပိုပြတ် သားလာ နိုင်ပါတယ်။

ပြည်တွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးတွေကြောင့် တရုတ်ရဲ့ စီးပွါးရေး ဖွံ့ဖြိုးနှုံးကို မထိခိုက်စေဖို့နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲ ချမ်းသာ ကွာဟမှု ပပျောက်ရေး တွေပြုလုပ်ဖို့ ပြောခဲ့ပေမဲ့ တရုတ်ကွန်မြူနစ် ပါတီရဲ့ သြဇာ ကိုထိပါးမဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေကို တော့ လက်ခံမဲ့သူ မဟုတ်ပါဘူးလို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။