BBC navigation

အီရန်နျူးကလီးယား တနှစ်ကျော်အတွင်း ထုတ်နိုင်မည်

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2013 - 01:27 GMT
အီရန်နျူးကလီးယား သန့်စင်ရေးစက်ရုံ

အီရန်နျူးကလီးယား သန့်စင်ရေးစက်ရုံ


အီရန်က နျူးကလီးယား လက်နက်ပိုင်ဆိုင်ဖို့ တနှစ်ကျော်လောက်သာ လိုတော့ပြီး ကျနော်တို့ကတော့ ဒီလိုမထုတ်လုပ်နိုင်အောင် အချိန်ကပ်ပြီးမှာ ပိတ်ပင်တားဆီးရမှာ မလိုလားဘူးလို့ သမ္မတ အိုဘားမားက အစ္စရေးရုပ်သံမှာ ပြောပါတယ်။ အခုလို သမ္မအိုဘားမားကနှစ် အတိအကျ ပြောသွားတာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူးလို့ ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက် Steve Kingstoneကဆိုပါတယ်။

သမ္မတအနေနဲ့ အီရန်ကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ ရှိတဲ့နည်းလမ်းအား လုံးသုံးမယ်လို့လဲပြောပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က လက်ဦးမှုရအောင် စစ်ရေးအရတိုက်ဖို့ ကိစ္စကိုတော့ သိသိသာသာ ပြောမသွားပါဘူး။ အစ္စရေး အစိုးရကတော့ အချိန်က အတော် အရေးကြီးနေပြီလို့ ယူဆပါတယ်။ အီရန်နျူးကလီးယား အစီအစဉ်အခု နွေရာသီမှာ ရပ်ပစ်ရမယ်လို့ အစ္စရေး ဝန်ကြီးချုပ် နာတာညာဟုက ကုလသမဂ္ဂမှာ မနှစ်က သတိပေး စကားပြောခဲ့ပါတယ်။ သမ္မတအိုဘားမားနဲ့ အစ္စရေး ဝန်ကြီးချုပ်တို့ လာမယ့် သတင်းပတ်အတွင်း အစ္စရေးမှာ တွေ့ကြရင် သမ္မတဘက်က အခုအချိန်ထိ သံတမန်ရေး ဖိအားဟာ အကောင်းဆုံးလို့ပြောပါလိမ့်မယ်။

ဒီခေါင်းဆောင် နှစ်ယောက်ဟာ တဖက်နဲ့တဖက် ယုံကြည်မှု သိပ်မရှိလို့ သဘောထားကွဲလေ့ရှိပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး မကြာမီကမှ ရွေးကောက်ပွဲ နိုင်ထားကြတာဆိုတော့ အတူလက်တွဲ လုပ်ရုံကလွဲလို့ ရွေးစရာ သိပ်မရှိပါဘူး။ သမ္မတ အိုဘားမားဟာ အခုလာမယ့် ခရီးစဉ်အတွင်း အစ္စရေး ပြည်သူတွေကို တိုက်ရိုက် စကားပြောပြီး အမေရိကန်ဘက်က အစ္စရေးရဲ့ လုံခြုံရေးကို အခိုင်အမာ ဆက်ပြီး တာဝန်ယူသွားမယ်လို့ ပြောသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။