BBC navigation

ဒုံးခွင်းတိုက်လေယာဉ် ၁၄စင်း အမေရိကန် တိုးမြှင့်ချထားမယ်

နောက်ဆုံး ရေးသားချိန် 16 မတ်လ 2013 - 00:27 GMT

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel

အမေရိကန် ပြည်ထောင်စုဟာ သူတို့ အဆိုအရ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု တိုးလာနေတဲ့ အပေါ် လက်တုန့်ပြန်ဖို့ သူ့တို့ရဲ့ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ်ကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဂျပန် နိုင်ငံမှာ ရေဒါ ထောက်လှမ်းရေး စခန်းတခု အပါအဝင် Alaska ပြည်နယ်မှာ နောက်ထပ် ဒုံးခွင်း တိုက်လေယာဉ် ၁၄စင်း တိုးမြှင့် ချထားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က ဆိုပါတယ်။

အမေရိကန်ရဲ့ ပြည်တွင်း လုံခြုံရေးနဲ့ ပြည်ပက အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးကို ကျွန်တော်တို့က အကာအကွယ်ပေးဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက် မှန်သမျှကို လုပ်ဆောင်ဖို့ အမေရိကန် ပြည်သူတွေက မျှော်လင့်နေပါတယ်လို့ ကာကွယ်ရေး ဝန်ကြီး ချက်ခ် ဟေဂယ်က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ အီရန် နှစ်နိုင်ငံ စလုံးရဲ့ တာဝေးပစ် ဒုံးပျံတွေ တိုးမြှင့် တပ်ဆင်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အခုလို လက်နက် တိုးမြှင့် တပ်ဆင်မှုတွေကို ရှေ့ဆက် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ရတာပါလို့လည်း မစ္စတာ ဟေဂယ်က ဆိုပါတယ်။

ဝါရှင်တန်မြို့က သက်ဆိုင်ရာ အရာရှိတွေဟာ ရေရှည်ကို ကြည့်ပြီး မြောက်ကိုရီးရဲ့ တာဝေးပစ် ဒုံးပျံ တိုးမြှင့် တပ်ဆင်မှုနဲ့ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ဖို့ ကြိုးစားမယ့် အစီအစဉ်တွေ အပေါ် စိုးရိမ်ခဲ့ကြတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။