BBC navigation

အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက် ဥပဒေကြမ်း ဆီးနိတ်အတည်ပြု

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 23:43 GMT

အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စုမှာ အစိုးရ ယန္တယား လာမယ့် စက်တင်ဘာလ အထိ လည်ပတ်နိုင်အောင် အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်ထားတဲ့ ဥပဒေကြမ်း တရပ်ကို ဆီးနိတ် လွှတ်တော်က အတည်ပြု ပေးလိုက်ပါပြီ။

ဒီလို အတည်ပြုပေးလိုက်တဲ့ အတွက် အစိုးရ လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်မှာ ဖြစ်ပေမယ့် အစိုးရ အသုံးစရိတ်ကို ရှစ်ဆယ် ဘီလီယံ လျော့ချ သုံးစွဲ ရမှာ ဖြစ်ပြီး ရာထောင်ချီတဲ့ အစိုးရ ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်သွားကြတော့မှာပါ။

ဒီဥပဒေကို သမ္မတ အိုဘားမာ လက်မှတ် မထိုးခင် ဒီနေ့ ကြာသပတေးနေ့မှာ အောက်လွှတ်တော်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။