BBC navigation

တူရကီနဲ့ အစ္စရေး သံတမန် ဆက်ဆံရေး ပြန်ထားတော့မယ်

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 00:43 GMT

ဂါဇာအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ တင်လာတဲ့ တူရကီသင်္ဘောကို အစ္စရေးတို့ ဝင်စီးခဲ့

၂၀၁၀ခုနှစ်တုန်းက ဂါဇာဒေသဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ တူရကီ သင်္ဘော တစင်းကို အစ္စရေး တပ်ဖွဲ့တွေ ဝင်ရောက် စီးနင်းခဲ့စဉ်က ပြုမိခဲ့တဲ့ အမှား အယွင်း တွေအတွက် အစ္စရေး အစိုးရက ဝန်ချ တောင်းပန်ခဲ့အပြီးမှာ အခုအခါ တူရကီနဲ့ အစ္စရေးအကြား သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိဘို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ဝင်ရောက် စီးနင်းမှုအတွင်း လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ ၉ဦး သေဆုံးခဲ့ရပါတယ်။

တူရကီ ဝန်ကြီးချုပ် ရီချက်ပ် တေယစ် အဲဒိုဝဲန် နဲ့ ဖုန်းပြောစဉ်မှာ အစ္စရေး ဝန်ကြီးချုပ် ဘန်ညာမင် နက်တာညာဟု က သေဆုံးသူ တူရကီ လူမျိုးတွေရဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးမယ်လို့ ကတိပြု ပြောခဲ့ပါတယ်။

တူရကီနိုင်ငံခြားရေး ဝန်ကြီး အာမက်တ် ဒါဗူတိုဂလူက တူရကီ အစိုးရရဲ့ တောင်းဆိုမှုတွေအားလုံး ရခဲ့ပြီလို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။