BBC navigation

ရုရှ သူဌေးကြီး ဘာရာဇော့ဗ စကီး အိမ်မှာ သေဆုံးနေ

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 20:39 GMT

တရားရင်ဆိုင်ခဲ့ရတဲ့ အေဗရာမိုဗစ်ချ် နဲ့ ဘာရာဇော့ဗ်စကီး

ဗြိတိန်မှာ နေထိုင်နေတဲ့ ရုရှ သူဌေးကြီး ဘာရာဇော့ဗ စကီး ကို လန်ဒန်က သူ့နေအိမ်မှာ သေဆုံးနေတာ ကို တွေ့ရှိရပါတယ်။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဘာရီဇော့ဗ စကီးဟာ ၁၉၉၀ နှစ်တွေမှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့ ကာလ မှာ အလွန်အောင်မြင် ချမ်းသာလာတဲ့ စီးပွားရေး သမား ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ် ရုရှမှာ မစ္စတာ ပူတင် သမ္မတ ဖြစ်လာဖို့ ကူညီကြသူတွေ အထဲ သူပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ တော့ သမ္မတ ပူတင် ကို အပြင်းအထန် ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

ရုရှ က Chechnya ကို စစ်ပြုတာ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တာတွေ နဲ့ ပတ်သက်လို့ သမ္မတ ပူတင် ကို သူ က ပေါ်ပေါ်ထင်ထင် ကို ထောက်ပြ ဆန့်ကျင် ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံတွင်း ကနေ သူ ထွက်ခွာ ခဲ့ပါတယ်။

သူဟာ အကြိမ်ကြိမ် လုပ်ကြံခံခဲ့ရပြီး ဒီလုပ်ကြံမှုတွေကနေ လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

အခုလောလောဆယ် ကာလအတွင်းမှာတော့ သူ့ပြိုင်ဘက် ရှရှ စီးပွားရေး လုပ်ငန်းရှင် ရိုမန် အီဗရာမိုဗချ် နဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ စီးပွားရေး ပိုင်ဆိုင်မှု တရားရင်ဆိုင်ရာမှာ ရှုံးခဲ့ပြီးအကြွေး အများအပြားတင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။