BBC navigation

ဆိုက်ပရပ်စ်ကို ကူညီငွေပေးရေး သဘောတူ

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 11:06 GMT

နောက်ဆုံး အချိန် ကျမှ သေဘာတူညီမှု ရရှိသွား ကြတာ ဖြစ်ပါတယ်

ယူရိုဇုန် နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေဟာ ဆိုက်ပရပ်စ် နိုင်ငံကို ကယ်ဆယ်ရေး ကူညီငွေ ယူရို ၁၀ ဘီလျံ ထုတ်ပေး ရေးကို သဘော တူလိုက် ကြပြီ ဖြစ်ပါတယ်။

အစည်း အဝေး ပြီးခါနီး နောက်ဆုံး အချိန် ရောက်မှ သဘောတူညီချက် ရရှိ ခဲ့တဲ့ ဒီကယ်ဆယ်ရေး ကူညီငွေကြောင့် ဆိုက်ပရပ်စ်က ဘဏ်လုပ်ငန်း စနစ်ကြီး ပြိုကျပြီး ဆိုက်ပရပ်စ် ဟာလည်း ယူရိုဇုန် ကနေ ထွက်ခွာရ တော့မယ့် အခြေ အနေ ကနေ ကယ်တင် နိုင်ခဲ့ ပါတယ်။

ဘရပ်ဆဲလ်မြို့ အစည်း အဝေးမှာ နိုင်ငံ တကာ မြီရှင် နိုင်ငံတွေနဲ့ အခြေ အတင် ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ ရတာ ဖြစ်ပြီး၊ ဆိုက်ပရပ်စ် အနေနဲ့ ယူရို ၆ ဘီလျံ နီးပါး ထည့်ဝင် ရမှာလည်း ဖြစ်ပါတယ်။ ဒီအတွက် ဆိုက်ပရပ်စ်က အဓိက ဘဏ်ကြီး နှစ်ခုမှာ ယူရို ၁ သိန်းကျော် စုငွေ ထားရှိ သူတွေ အနေနဲ့ အခွန် ဖြတ်ခံ ရဖို့ ရှိပါ တယ်။

ဒါပေမယ့်လို ပမာဏ အနည်းငယ် ငွေစု ထားသူတွေ ကတော့ အခွန် စည်းကြပ်မှု ကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဆိုက်ပရပ်စ် ဘဏ္ဍာရေး ဝန်ကြီး မိုက်ကယ်လိစ် ဆာရီးစ် ကတော့ ဒေဝါလီ ခံရမယ့် အခြေ အနေ ကနေ လမ်းလွှဲ နိုင်ခဲ့ပြီ လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။