BBC navigation

နိုင်ဂျီးရီးယား အကျဉ်းထောင်ကို လက်နက်ကိုင်တွေ တိုက်ခိုက်

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 01:31 GMT

အကျဉ်းထောင်အပါအဝင် နေရာ အတော် များများ ကို Boko Haram အစ္စလာမစ် လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ လက်နက်ကိုင်တွေက အကျဉ်းထောင်တခုရဲ့ ဂိတ်ကို ဖြိုချပြီး ထောင်ဖေါက်ပေးလိုက်တဲ့ အတွက် အကျဉ်းသား ၁၂၀ကျော် ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သေနတ်ပစ်ခံရပြီး ဒဏ်ရာရသွားတဲ့ အကျဉ်းသား တဦးပဲ ကျန်ရစ်တယ်လို့ အဲဒီဒေသက အကျဉ်း ဦးစီးဌာန အကြီးအကဲက ပြောပါတယ်။

အဲဒီ အကျဉ်းထောင်ဟာ ကဲန်မရွန်းနိုင်ငံနဲ့ ကပ်ရက် နယ်စပ်ဒေသအနီးမှာ ဂဲန်ယီမြို့မှာ လက်နက်ကိုင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ နေရာ အတော်များများထဲက တခုဖြစ်ပါတယ်။

ဘဏ်တခုနဲ့ အနည်းဆုံး အရက်ဘားတခုလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို Boko Haram အစ္စလာမစ် လက်နက်ကိုင်အဖွဲ့က လုပ်ခဲ့တာ ဖြစ်ပြီး လူ၂၅ဦး သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ သောကြာနေ့ညနှောင်းပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပေမယ့် ဖြစ်ပျက်ပုံ အသေးစိတ် အချက်အလက်တွေက အခုမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။