ကင်ညာရွေးကောက်ပွဲ နိုင်သူ တရားရုံးက အတည်ပြု

Image caption ပြိုင်ဘက် ရာအီလာ အိုဒင်ဂါက ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး မကျေနပ် ကြောင်း တိုင်းကြားခဲ့

ကင်ညာ တရားရုံးချုပ် ကနေ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ အူဟူရူ ကန်ယာတာ အနိုင်ရ ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

မစ္စတာ ကန်ယာတာရဲ့ အဓိက ပြိုင်ဘက် ရာအီလာ အိုဒင်ဂါက ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး မကျေနပ် ကြောင်း တိုင်းကြား ခဲ့တာကို တရားရုံး က ပြန်လည် စစ်ဆေး ပြီးနောက် အခုလို ကြေညာ လိုက်တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်း ပြုလုပ် ခဲ့တဲ့ သမ္မတ ရွေးကောက် ပွဲဟာ လွတ်လပ်ပြီး တရား မျှတကာ ယုံကြည် ရတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း တရားရုံး ကနေ ထုတ်ဖေါ် ကြေညာ လိုက်ပါတယ်။

မစ္စတာ အိုဒင်ဂါက ရွေးကောက် ပွဲမှာ မဲ မသာမာ မှုတွေ ရှိခဲ့ပြီး နည်းပညာ ပိုင်း ဆိုင်ရာလည်း အားနည်း မှုတွေ ရှိခဲ့ တယ်လို့ တရားရုံး ကို လျှောက်လဲ ခဲ့တာ ဟာ အခုတော့ ရှုံးနိမ့်သွား ပါပြီ။

လွန်ခဲ့တဲ့ ၅ နှစ်က ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲ ပြီး နောက်ပိုင်း တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၁ ထောင် ကျော် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု နောက်ဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ မှာတော့ နေရာ အများစုမှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ