တရုတ် ရှန်ဟိုင်းမှာ ကြက်ငှက်တုပ်ကွေးဖြစ်

Birdflu
Image caption လက်ရှိ ကြက်ငှက်တုတ်ကွေးကို ခိုတွေမှာ တွေ့ရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကြက်ငှက် တုပ်ကွေးကြောင့် လူ ၆ ဦး သေဆုံးခဲ့တဲ့ အတွက် မြို့ပေါ်က ကြက်ငှက် အရှင် ရောင်းချမှုတွေ အားလုံးကို ယာယီ ပိတ်ပင် ထားလိုက်ပါတယ်။

လူတွေ ကျန်းမာရေးအတွက် ဒီလို ပိတ်ပင်ရတာလို့ မြို့အာဏာပိုင် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

လောလောဆယ် ကြက်ငှက် တုပ်ကွေး ရောဂါနဲ့ ဖျားနာသူ ၁၄ ဦး ရှိတယ်လို့လည်း သိရပါတယ်။

ခိုတွေမှာ H7N9 အမျိုးအစား တုပ်ကွေး ရောဂါပိုး တွေ့ပြီးနောက် စျေးတစ်ခုမှာတော့ ကြက်ငှက် အကောင် ၂ သောင်းကျော် သုတ်သင် ခဲ့ပါတယ်။

အခု ရောဂါ ကူးစက်မှုက လူအချင်းချင်း ကူးစက်တာ မဟုတ်ပဲ ရောဂါရှိတဲ့ ကြက်ငှက်တွေကို ကိုင်တွယ်မိရင်း ရောဂါရတာလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။