အာဖဂန်မှာ ကားဗုံးကြောင့် လူ ၆ ဦးသေဆုံး

zabul
Image caption ဇာဘူးလ် ပြည်နယ်ထဲမှာကားဗုံးခွဲ တိုက်ခိုက်ခံခဲ့ရ

အာဖဂန် နစ္စတန် နိုင်ငံရဲ့ တောင်ပိုင်းက ဇာဘူးလ် ပြည်နယ် ထဲမှာ ကားဗုံးခွဲပြီး တိုက်ခိုက် ခံခဲ့ရလို့ အမေရိကန် ၅ ဦးနဲ့ အာဖဂန် ဆရာဝန် တဦးတို့ အသက် ဆုံးရှုံး ခဲ့ရပါတယ်။

သေဆုံး ခဲ့ရတဲ့ အမေရိကန် တွေကတော့ စစ်သား ၃ ဦးနဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာန တွေက အရာရှိ ၂ ဦးတို့ ဖြစ်ကြတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဒီလူတွေဟာ ဇာဘူးလ် ပြည်နယ် ထဲက ကွာလတ် ဆိုတဲ့ ကျောင်းမှာ စာအုပ် တွေလာရောက် လှူဒါန်း ဖို့ အတွက် အဲဒီကို ရောက်နေတာ ဖြစ်ပါတယ်။

မစ္စတာ ကယ်ရီက သေဆုံး ခဲ့ရတဲ့ နိုင်ငံခြားရေး ဌာနက အရာရှိ အမျိုးသမီးနဲ့ ပတ်သက်လို့ သူဟာ နိုင်ငံ တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်တဲ့ ထူးချွန် ထက်မြက် တဲ့ အမျိုးသမီးငယ် တဦး ဖြစ်တယ်လို့ အထူးတလည် ဂုဏ်ပြု ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ