တရုတ်နဲ့ အမေရိကန် မြောက်ကိုရီးယား အရေး ပူးပေါင်းဆောင်ရွက်မယ်

john_kerry
Image caption တွေ့ဆုံ ဆွေးနွေး ခဲ့ကြတဲ့ အမေရိကန်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ

ကိုရီးယား ကျွန်းစွယ်မှာ နျူကလီးယား ကင်းရှင်းဖို့ အမေရိကန် နဲ့ တရုတ် နှစ်နိုင်ငံ စလုံးက မြောက်ကိုရီးယား နိုင်ငံ နျူလက်နက် စွန့်လွှတ် သွားဖို့ကို ပူးပေါင်း တိုက်တွန်း သွားကြမယ်လို့ ဆိုလိုက်ကြပါတယ်။

တရုတ် နိုင်ငံက ဘေကျင်း မြို့တော်မှာ တရက်ကြာ သံတမန်ရေး အပြင်းအထန် ဆွေးနွေး ခဲ့ကြ ပြီးတဲ့ နောက်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ရာမှာ မြောက်ကိုရီးယား က ဒုံးပျံ တွေစမ်းသပ် ပစ်လွှတ်ပြီး ခြိမ်းခြောက် ပြနေတဲ့ အပြုအမူဟာ အင်မတန်မှ အန္တရာယ် ကြီးမား တယ်လို့ သတိပေး ခဲ့ပါတယ်။

တရုတ် ကတော့ တခြား နိုင်ငံတွေနဲ့ လက်တွဲလို့ အပြုသဘော ဆောင်တဲ့ ဆောင်ရွက်မှု တွေ လုပ်သွားမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ က ပြောပါတယ်။

တနင်္ဂနွေ နေ့မှာတော့ မစ္စတာ ကယ်ရီဟာ ဂျပန် နိုင်ငံကို သွားရောက် မှာ ဖြစ်ပါတယ်။ ဂျပန်ကတော့ မြောက်ကိုရီးယားက ဒုံးကျည်တွေ သူ့ နယ်နမိတ်ထဲ ဝင်ရောက် လာတာနဲ့ ပစ်ချမယ်လို့ ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ