ရုရှားက လူ့အခွင့်အရေး ချိုးဖောက်သူ ၁ဂယောက် အမေရိကန် အရေးယူ

Image caption ထိန်းသိမ်းရေးစခန်းမှာ သေဆုံးသွားတဲ့ လူ့အခွင့်အရေး ရှေ့နေ Sergei Magnitsky

ရုရှားနဲ့ အနီးနားက တိုင်းပြည်တွေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ သူတွေလို့ စွပ်စွဲခံရသူ ၁ဂယောက် စာရင်းကို အမေရိကန်က ထုတ်ပြန်လိုက်ပြီး အဲဒီလူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ကွန်ဂရက် လွှတ်တော်ရဲ့ သဘောတူညီချက် အရ ပိတ်ဆို့ အရေးယူ ခံကြရမှာ ဖြစ်ပါတယ်။

အဲဒီအထဲက ၁၆ယောက်ဟာ ရုရှား လူ့အခွင့်အရေး ရှေ့နေ Sergei Magnitsky ထိန်းသိမ်းခံရတုန်း သေဆုံးမှု အတွက် တာဝန် ရှိတယ်လို့ ဆိုပါတယ်။

ရုရှားကလည်း အဲဒီစာရင်းနဲ့ အချိုးညီတဲ့ အမေရိကန် လူ့အခွင့်အရေး ချိုးဖောက်သူ စာရင်းကို ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒီအမေရိကန် လူ့အခွင့်အရေး ချိုးဖောက်သူ စာရင်းကို ကြည့်ရတာ ရုရှားနဲ့ တင်းမာမှုတွေ ဖြစ်လာအောင် အမေရိကန်ဖက်က စိတ်မခံချိ မခံသာ ဖြစ်စေလိုတဲ့ သဘောမျိုး မတွေ့ရဘူးလို့ ဒူးမားလွှတ်တော်ရဲ့ နိုင်ငံတကာရေးရာ ကော်မတီ အကြီးအကဲ Alexei Pushkov က ပြောပါတယ်။